ဆေးပညာဘွဲ့

From Wikipedia, the free encyclopedia

Remove ads

ဆေးပညာဘွဲ့သည် ဆေးကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း စသည့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို လေ့လာဆည်းပူးပြီးနောက် ကျွမ်းကျင်တတ်မြောက်သည့်အခါ ဆေးကျောင်းများမှ ပေးအပ်သော ဘွဲ့အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဆေးပညာသင်ကြားရေးစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် အင်္ဂလိပ်ဘာသာဖြင့် Bachelor of Medicine, Bachelor of Surgery ဟု ခေါ်ပြီး လက်တင်ဘာသာ Medicinae Baccalaureus Baccalaureus Chirurgiae မှ ဆင်းသက်လာခြင်းဖြစ်သည်။ အတိုကောက် MBBS, MB ChB, MB BCh, MB BChir (Cantab), BM BCh (Oxon), BMBS စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပြီး မြန်မာပြည်တွင် MBBS ဟု ခေါ်သည်။ စင်စစ် ဤဘွဲ့သည် အမည်အားဖြင့် ဆေးကုပညာဘွဲ့နှင့် ခွဲစိတ်ကုပညာဘွဲ့ ၂ ခုကို ပေါင်းစည်းထားခြင်းဖြစ်သော်လည်း လက်တွေ့အားဖြင့် တစ်ပြိုင်နက်တည်း အတူအကွ ချီးမြှင့်သောဘွဲ့ဖြစ်သည်။ ဥရောပတိုက်နှင့် အမေရိကန်ပြည်ထောင်စု ဆေးပညာသင်ကြားရေးစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် Doctor of Medicine (MD) ဘွဲ့ကို ချီးမြှင့်သည်။[]


မြန်မာနိုင်ငံတွင် ဆေးပညာဘွဲ့ ချီးမြှင့်သော ဆေးတက္ကသိုလ် ၆ ခု ရှိသည်။

  1. ဆေးတက္ကသိုလ် (၁) ရန်ကုန်
  2. ဆေးတက္ကသိုလ် (၂) ရန်ကုန်
  3. ဆေးတက္ကသိုလ် မန္တလေး
  4. ဆေးတက္ကသိုလ် မကွေး
  5. ဆေးတက္ကသိုလ် တောင်ကြီး
  6. တပ်မတော်ဆေးတက္ကသိုလ်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads