သိန်းအုပ်ကျော်မြင့်
From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာသိန်းအုပ်ကျော်မြင့် သည် မြန်မာကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး[၁] ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားသူကြီးဦးကျော်မြင့်၊ ဒေါ်လှကြည်တို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် စတုတ္ထမြောက်သားဖြစ်သည်။[၂][၃] အိုင်စီအက်စ် ဦးတင်ထွဋ်၏ တူလည်းဖြစ်သည်။[၄]
Remove ads
ပညာရေး
ငယ်စဉ်က စိန့်ပေါအထက်တန်းကျောင်း (ယခု အထက ၆ ဗိုလ်တထောင်) နှင့် Intermediate College of Science ရန်ကင်းတို့တွင် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ ခုနှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး အစိုးရပညာသင်ဆုကို ရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ စတင်ပညာသင်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဆေးပညာဘွဲ့ (MBBS) ကို ဆေးပညာဘာသာရပ်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ကိုလံဘိုစီမံကိန်းပညာသင်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ၃ နှစ်ကြာ ပညာတော်သင်သွားရောက်ခဲ့သည်။ MRCP (UK), FRCP (Edin), FRCP (London), FRCP (Glas) နှင့် DCH (London) ဘွဲ့များကို ရရှိခဲ့သည်။[၂]
Remove ads
အလုပ်အကိုင်
ဆေးပညာဘွဲ့ရရှိပြီးနောက် ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ဆေးလက်တွေ့သရုပ်ပြ (Clincal Tutor) ရာထူးဖြင့် ဆေးပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင်နှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ပညာသင်မသွားမီ ကလေးကျန်းမာပညာဘာသာရပ်အထူးပြုသင်ကြားရန်အတွက် ရန်ကုန်ကလေးဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်ခဲ့သည်၊ ပြည်ပပညာသင်ပြီးဆုံးပြီးနောက် ၁၉၇၄ စတင်ကာ သင်ကြားရေးရာထူးအဆင့်ဆင့်ဖြင့် ဆေးတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် သို့ ပြောင်းရွှေ့ပြီး ၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလအထိ ထိုဌာနတွင် ဌာနမှူးရာထူးတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။[၂][၅][၆][၇]
Remove ads
မိသားစု
ဇနီးဖြစ်သူ ဒေါက်တာခင်မြင့်အေးနှင့် ၁၉၇၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားတစ်ဦး၊ သမီးနှစ်ဦးရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads