ဒေးဒရဲမြို့
ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်အတွင်းရှိမြို့ From Wikipedia, the free encyclopedia
Remove ads
ဒေးဒရဲမြို့ (မွန်: ဍုၚ်ဒဵုဒြဲာ) သည် ဖျာပုံခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဒေးဒရဲမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။
Remove ads
အမည်ရင်းမြစ်နှင့် သမိုင်းကြောင်း
ဒေးဒရဲမြို့သည် သာသနာသက္ကရာဇ် အေဒီ ၁၄၇၆ မတိုင်မီကပင် မြို့အဖြစ် တည်ရှိခဲ့သည်။ စစ်ဘေးကြောင့် ပြောင်းရွှေ့လာသည့် မွန်လူမျိုးများ နေထိုင်ခဲ့ကြသည်။ မွန်ဘာသာ ဖြင့် ဒဵုဒြဲာ ဟု ခေါ်ဆို၍ သမင်၊ ဒရယ် တိရစ္ဆာန်များ နေထိုင်သော ကုန်း၊ သမင်ကုန်းဟု အဓိပ္ပာယ်ရသည်။[၁]
၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ဒေးဒရဲကို မြို့အဖြစ် ကြေညာပြီး နယ်နိမိတ်သတ်မှတ်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်ဖြင့်လည်းကောင်း၊ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်မှ ၃ ရပ်ကွက်အဖြစ်သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads