နမ္မတူမြို့
နမ္မတူ From Wikipedia, the free encyclopedia
Remove ads
နမ္မတူမြို့ သည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်ပြီး နမ္မတူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဘော်ဝင်နှင့် နမ္မတူငွေတွင်းကြောင့် နာမည်ကြီးသည်။ နမ္မတူမြစ်မှ လားရှိုးမြို့သို့ မိုင်းတွင်းရထားလမ်းဖြင့် ချိတ်ဆက်လျက်ရှိသည်။[၁][၂] နမ္မတူ ဘော်ဝင်မိုင်းတွင်းသည် ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကမ္ဘာ့အကြီးဆုံး ခဲမိုင်းတွင်းနှင့် ငွေမိုင်းတွင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။[၃]
လေးရက်ကြာ တိုက်ခိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နမ္မတူမြို့အား တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က စစ်ကောင်စီထံမှ သိမ်းပိုက်ခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads