တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း From Wikipedia, the free encyclopedia

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်
Remove ads

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Ta’ang National Liberation Army; အတိုကောက် TNLA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front; PSLF) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ [] [][][][၁၀][၁၁]

အချက်တိုများ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်, ခေါင်းဆောင်များ ...
Remove ads

သမိုင်းကြောင်း

TNLA ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (Palaung State Liberation Organization/Army; PSLO/A) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လက်နက်စွန့်ခဲ့သည်။ PSLO/A ပြိုကွဲပြီးနောက် တအာင်းခေါင်းဆောင် တာအိုက်ပေါင်းနှင့် တာဘုန်းကျော်တို့သည် တအာင်းလူမျိုး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနှင့်အတူ ဖွဲ့စည်းခဲ့သည်။ TNLA သည် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်သည်။[၁၂]

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၁-၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြီးနောက် အစိုးရက တအောင်းလူမျိုးများအတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းခဲ့သည်။ ထိုဒေသသည် စာသင်ကျောင်းနှင့် ဆေးရုံအနည်းငယ်သာရှိသည့် နိုင်ငံ၏ မတိုးတက်သေးသော ဒေသတစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် TNLA သည် မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် အတူ တပ်မတော်အား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။[၁၃] TNLA နှင့် MNDAA တို့သည် ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီ၏ နေရာအတော်များများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၁၄]

TNLA နှင့် SSPP ပူးပေါင်းအဖွဲ့သည် RCSS နှင့် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ဒဏ်ရာရရှိခဲ့သလို နေရပ်စွန့်ခွာမှုများ ဖြစ်ပွားခဲ့သည်။[၁၅][၁၆]

TNLA ၏ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော်က စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။[၁၇]

Remove ads

လက်ရှိ

၂၀၂၁ ခုနှစ် တွင် စစ်တပ် မှ အာဏာသိမ်းပြီးနောက်တွင်မူ စစ်တပ်နှင့် TNLA ကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။[၁၈] [၁၉]တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် အာရက္ခတပ်တော် (AA) တို့နှင့် ပူးပေါင်းပြီး ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် အထူးထင်ရှားခဲ့ပြီး မြန်မာ့ပြည်တွင်းစစ် ၏ အခြေအနေသည် မြို့သိမ်းတိုက်ပွဲများအထိ ပိုမိုပြင်းထန်ကျယ်ပြန့်လာခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁) နှင့် (၂) အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ အပါအဝင် ရှမ်းပြည်နယ်၊မြောက်ပိုင်း ရှိ နောင်ချိုကျောက်မဲမန်တုံနမ္မတူနမ့်ခမ်းနမ့်ဆန်သီပေါကွတ်ခိုင်မိုးမိတ်မိုင်းလုံမိုင်းငေါ့ အစရှိသည့် မြို့ ၁၂ မြို့ကို သိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံမှ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရခြင်း

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်အမှတ် ၁/၂/၂၀၂၄ ဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် အာရက္ခတပ်တော် (AA) တို့နှင့်အတူ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။[၂၀]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads