နော်စီဖိုးရာစိန်

From Wikipedia, the free encyclopedia

Remove ads

နော်စီဖိုးရာစိန် (၁၉၅၅ - ၂၀၂၄) သည် ကရင်လူမျိုး အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ကရင် အမျိုးသား အစည်းအရုံး၏ သမိုင်းတွင် ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သည့် တစ်ဦးတည်းသော ကရင်အမျိုးသမီးတစ်ဦး ဖြစ်သည်။

အချက်တိုများ နော်စီဖိုးရာစိန်, ကရင် အမျိုးသား အစည်းအရုံး၏ ဒုတိယ ဥက္ကဋ္ဌ ...
Remove ads

နိုင်ငံရေးဖြတ်သန်းမှု

နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ခိုလှုံရောက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်များအား အကူအညီများ ဆောင်ရွက်ပေးသည့် ကရင်အမျိုးသမီး အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[]ယင်းနောက် ၂၀၀၈ ခုနှစ် တွင် သူသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး တာဝန် ပေးအပ်ခြင်းခံရသည်။သူသည် ထိုတာဝန်ထမ်းဆောင်နေစဉ် ကရင်လူမျိုးများ၏ တော်လှန်ရေးခရီး အဆုံးသတ်နိုင်စေရေး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက် တွင် ဦးသိန်းစိန်အစိုးရ နှင့် ပြည်နယ်အဆင့်လက်မှတ်ရေးထိုးမှုတွင် ဦးဆောင်သူတစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ထိုကာလမှာပင်   နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ခြံနံပါတ် ၅၄ နေအိမ် တွင်  သီးသန့်တွေ့ဆုံပြီး ကရင့်ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အကြောင်း ရှင်းပြခဲ့သူလည်း ဖြစ်ခဲ့သည်။[]၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အရောက်တွင်   (၁၅) ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကွန်ဂရက် က သူ့အား ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်သည်။[]ထိုတာဝန်ကို ၂၀၁၇ ခုနှစ် ဧပြီလ အထိ ထမ်းဆောင်ပြီး နောက်ပိုင်းတွင် အကြံပေးပုဂ္ဂိုလ် အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။သူသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA  ထွက်ပေါ်လာရေးကိစ္စတွင်လည်း ထဲထဲဝင်ဝင်ပါဝင်ခဲ့သည်။၂၀၂၀ ပြည့်နှစ် အရှေ့ပိုင်းကာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်  သူ့ကို သဘောထားတင်းမာသူအဖြစ် မှတ်ချက်ပြုခြင်းခံရသည်။  စစ်တပ်ကို မယုံကြည်ဘူး ဆိုသည့် သူ၏  အင်တာဗျူးပြောစကားများသည်လည်း ထင်ရှားခဲ့သည်။[]

Remove ads

ဘဝနိဂုံး

၂၀၂၄ခုနှစ် ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၂၂ မိနစ် အချိန်တွင်  ထိုင်းနိုင်ငံ၊ မယ့်စရီယန်းမြို့ ရှိ  နေအိမ် တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[]

မိသားစုဘဝ

သူ၏ ဖခင်မှာ ထင်ရှားသည့် KNU ဥက္ကဋ္ဌ တစ်ဦးဖြစ်သည့်  ဗိုလ်ချုပ်ကြီး စောတာမလာဘော ဖြစ်သည်။

ရရှိခဲ့သောဆု

အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON) က သူ့အား ၂၀၁၄ ခုနှစ်တွင်  အမျိုးသမီး ငြိမ်းချမ်းရေးဆု အား ချီးမြှင့်သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads