နှမ်း
အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
Remove ads
နှမ်းကို ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိက အပူပိုင်းဒေသတို့တွင် ဆီထွက်သီးနှံအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးကာ အရေးပါသည့် သီးနှံ ဖြစ်သည်။ မက်ဒါဂါစကာ၊ အာရေဗီးယား၊ သီရိလင်္ကာနှင့် ဩစတြေးလျ အပူပိုင်းဒေသတို့တွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အမေရိကန်၊ မက္ကဆီကိုနှင့် လက်တင် အမေရိကနိုင်ငံတို့တွင် နှမ်းကို အလေးထား စိုက်ပျိုးသည်။
အာဖရိက၊ အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် နှမ်းမျိုးစိတ်ပေါင်း မြောက်မြားစွာ တွေ့ရှိရသည်။
Remove ads
အမျိုးအစား
တစ်ပင်တိုင်နှင့် ကိုင်းဖြာဟူ၍ နှစ်မျိုးရှိသည်။ အဆုံးမရှိ ပန်းခိုင် အမျိုးအစား ဖြစ်ကာ အရင်းမှ ပန်းစပွင့်သည်။ ထို့ကြောင့် မည်သည့်အချိန်တွင် မဆို အပင် တစ်ပင်တည်း၌ ရင့်မှည့်နေပြီ ဖြစ်သော အသီးတောင့်များ၊ မမှည့်သေးသော အသီးတောင့်များနှင့် ပန်းပွင့်များ၊ အဖူးများကိုလည်း တပြိုင်တည်း တွေ့ရမည် ဖြစ်သည်။
ပန်းပွင့်များမှာ အဖြူရောင်ဖြစ်ပြီး ရံခါ အရောင် ရှိတတ်သည်။ ပင်စည်နှင့် ကိုင်းကြားတွင် ပန်း တပွင့် သို့မဟုတ် သုံးပွင့် ပါသည်။ ပင်တည်းဝတ်မှုန် ကူးသော အမျိုးအစား ဖြစ်၍ အင်းဆက် လုပ်ဆောင်မှုအပေါ် မူတည်ကာ ၅ ရာခိုင်နှုန်း နှင့်အထက် ပင်ခြားဝတ်မှုန်ကူးသော အပင် ဖြစ်သည်။
Remove ads
သီးတောင့်များ
အပင်တစ်ပင်တွင် ပါဝင်သော သီးတောင့် အရေအတွက်မှာ နှမ်းမျိုးနှင့် ပေါက်ရောက်သော အခြေအနေပေါ် မူတည်၍ အနည်းငယ်မှ သုံးလေးရာအထိ ပါနိုင်သည်။
ဥတုအခြေအနေ
အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသရှိ လွင်ပြင်များနှင့် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၀၀၀ ခန့် ရှိသော ဒေသများအထိ ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ အပူချိန် လျော့နည်းသည်ကို ခံနိုင်ရည် မရှိချေ။ ယေဘုယျအားဖြင့် အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီ ဖာရင်ဟိုက်သည် စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်သည်။[၂]
ရောဂါ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads