ဦးထင်ကျော်အစိုးရ
၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရကာတက်လာသည့်အစိုးရ From Wikipedia, the free encyclopedia
Remove ads
ဦးထင်ကျော် အစိုးရသည် သမ္မတ ဦးထင်ကျော် ကို အမှူးထား၍ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှစ၍ ၂၀၁၈ခုနှစ် မတ်လ ၃၀ရက်နေ့ထိ အာဏာရသောအစိုးရ ဖြစ်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
Remove ads
ခြုံငုံသုံးသပ်ချက်
အန်အယ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာမည်ဖြစ်သော်လည်း သူ၏ခင်ပွန်းနှင့်သား ၂ ယောက်မှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်မလာပေ။
အခြေခံဥပဒေအရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ ဝန်ကြီးများကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုက်ရိုက်ခန့်အပ်သည်။ ကျန် ဝန်ကြီး ၁၅ဦးကို သမ္မတမှ ခန့်အပ်သည်။ အများစုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှဖြစ်ကာ ၂ ဦးမှာ ပြည်ခိုင်ဖြိုးနှင့် အချို့မှာ ပြင်ပမှ ဖြစ်သည်။
နိုဝင်ဘာ ၂၄၊ ၂၀၁၇ တွင် ဝန်ကြီးဌာနအသစ် ၂ခုဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါတီ၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရအဖွဲ့အတွင်း မြင့်မားသောနေရာရရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ ဝန်ကြီးချုပ်ကဲ့သို့ပင် ဖြစ်သည်။
Remove ads
အစိုးရအဖွဲ့ ဖွဲ့စည်းမှု
အဖွဲ့ဝင်များမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်၊ မွန်အမျိုးသားပါတီတို့မှ နီးစပ်သူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစတင်ဖွဲ့စည်းချိန်၌ အဓိကဝန်ကြီးဌာန ၄ ခု ကိုင်တွယ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ပညာရေးနှင့် လျှပ်စစ်/စွမ်းအင်တို့ကို ဝန်ကြီးအသစ် ၂ ဦးကို လွှဲပေးခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏ အသုံးစရိတ်များလျော့ချရန် ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းကာ အစပိုင်းတွင် ဒုတိယဝန်ကြီးများကို ခန့်အပ်ခြင်းမရှိခဲ့ပေ။နောက်ပိုင်းတွင်မှ ခန့်အပ်ခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့အကြား ပဋိပက္ခကြောင့် ဒုတိယဝန်ကြီးနုတ်ထွက်ခဲ့ရသည်။ ၂၀၁၇ ဩဂုတ်လတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။
၂၀၁၇ နိုဝင်ဘာ ၂၇ တွင် ဝန်ကြီးဌာနအသစ် ၂ ခု ဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့၍ ဝန်ကြီးဌာန ၂၄ ခု ရှိလာခဲ့သည်။ နောက်ပိုင်းတွင် ဝန်ကြီးဌာနအသစ်များအပြင် ဒုဝန်ကြီးအမြောက်အမြား ခန့်အပ်ခဲ့၍ လူပြောစရာဖြစ်ခဲ့သည်။[၁]
Remove ads
အစိုးရအဖွဲ့
ဝန်ကြီးများ
ဒုတိယဝန်ကြီးများ
အစိုးရအဖွဲ့စတင်သည့် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဒုတိယဝန်ကြီးများ ပါဝင်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မှ ဒုတိယဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads