ဦးဝင်းမြင့်အစိုးရ
မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ From Wikipedia, the free encyclopedia
Remove ads
ဦးဝင်းမြင့်အစိုးရ သည် ၂၀၁၈ခုနှစ် မတ်လ၃၀ရက်နေ့မှစ၍ဖွဲ့စည်းသော မြန်မာနိုင်ငံ၏လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။၂၀၁၈ခုနှစ် မတ်လ၂၁ရက်နေ့တွင် ယခင်သမ္မတဦးထင်ကျော်နုတ်ထွက်အပြီး မတ်လ ၃၀ရက်နေ့တွင်သမ္မတအသစ်အဖြစ်ရွေးချယ်ခံရသော ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုအပြီး ယခင် ဦးထင်ကျော်အစိုးရကိုပြင်ဆင်ဖွဲ့စည်းထားသောအစိုးရဖြစ်သည်။[၁]ဤအစိုးရအဖွဲ့ကို ယခင်ဦးထင်ကျော်အစိုးရကဲ့သို့ပင် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှပူးတွဲအုပ်ချုပ်သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံခဲ့ရပြီး အစိုးရအဖွဲ့အားဖျက်သိမ်းကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အဓမ္မအာဏာသိမ်းရယူခဲ့သည်။[၂][၃][၄]
Remove ads
Remove ads
သမိုင်းကြောင်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အသစ်တွင် ဦးထင်ကျော်သည် သမ္မတဖြစ်လာခဲ့သည်။ သူသည် ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့တွင် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ထိုနေ့တွင်ပင် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီး မတ်လ ၂၃ရက်နေ့တွင် ဒုတိယသမ္မတလောင်းအဖြစ် အရွေးခံခဲ့ရသည်။ ထို့နောက် မတ်လ ၂၈ရက်နေ့တွင် ဒုတိယသမ္မတ (၃)ဦးအား မဲပေးရွေးချယ်ရာ ဦးဝင်းမြင့်မှ မဲအရေအတွက် ၄၀၃မဲဖြင့် သမ္မတ ဖြစ်လာခဲ့သည်။[၅]ထို့နောက် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ကာ သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်းပြောကြားခဲ့သည်။[၆]
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုပြုလုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)တို့အပြင် ထိပ်တန်းပုဂ္ဂိုလ်အချို့တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ဒုတိယသမ္မတ (၁)ဖြစ်သူ ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ် ပြုလုပ်ကာ ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ (၃)ရပ်ကို အပ်နှင်းကြောင်း ကြေညာခဲ့သည်။
Remove ads
ခေါင်းဆောင်များ
ဦးဝင်းမြင့် | သမ္မတ |
ဒေါ်အောင်ဆန်းစုကြည် | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် |
ဦးမြင့်ဆွေ | ဒုတိယသမ္မတ ၁ |
ဦးဟင်နရီဗန်ထီးယူ | ဒုတိယသမ္မတ ၂ |
အစိုးရအဖွဲ့
ဝန်ကြီးများ
ဒုတိယဝန်ကြီးများ
Remove ads
နိုင်ငံတော်အင်္ဂါစဉ်
စဉ် | အမည် | ရာထူး |
၁ | ဦးဝင်းမြင့် | သမ္မတ |
၂ | ဒေါ်အောင်ဆန်းစုကြည် | နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် |
၃ | ဦးမြင့်ဆွေ | ဒုတိယသမ္မတ-၁ |
၄ | ဦးဟင်နရီဗန်ထီးယူ | ဒုတိယသမ္မတ-၂ |
၅ | ဦးတီခွန်မြတ် | ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ |
၆ | မန်းဝင်းခိုင်သန်း | အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ |
၇ | ဦးထွန်းထွန်းဦး | ပြည်ထောင်စုတရားသူကြီးချုပ် |
၈ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
၉ | ဦးမျိုးညွန့် | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ |
၁၀ | ဦးလှသိန်း | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ |
၁၁ | ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
၁၂ | ဦးထွန်းထွန်းဟိန် | ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ |
၁၃ | ဦးအေးသာအောင် | အမျိုးသားလွတ်တော် ဒုတိယဥက္ကဋ္ဌ |
၁၄ | ပြည်ထောင်စုဝန်ကြီး ၂၅ယောက် | |
၁၅ | ဦးထွန်းထွန်းဦး | ပြည်ထောင်စုရှေ့နေချုပ် |
၁၆ | ဦးမော်သန်း | ပြည်ထောင်စုစာရင်းစစ်ချုပ် |
၁၇ | ဒေါက်တာဝင်းသိန်း | ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ |
၁၈ | ဦးမျိုးအောင် | နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ |
၁၉ | ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ | |
၂၀ | ဦးကျော်ကျော်မောင် | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ |
၂၁ | ဗိုလ်ချုပ်ကြီးမြထွန်းဦး | ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး |
၂၂ | တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ | |
၂၃ | ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ | |
၂၄ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ | |
၂၅ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ | |
၂၆ | ဥပဒေကြမ်းကော်မတီ | |
၂၇ | ပြည်သူ့ငွေစာရင်းကော်မတီ | |
၂၈ | လွှတ်တော်အခွင့်အရေးကော်မတီ | |
၂၉ | အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ | |
၃၀ | တိုင်းစစ်ဌာနချုပ် တိုင်းမှူးများ | |
၃၁ | ဒုတိယဝန်ကြီးများ | |
၃၂ | ဦးဝင်းမြင့် | ဒုတိယရှေ့နေချုပ် |
၃၃ | ဒုတိယစာရင်းစစ်ချုပ် | |
၃၄ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ | |
၃၅ | နေပြည်တော်ကောင်စီဝင်များ | |
၃၆ | ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ | |
၃၇ |
|
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ |
၃၈ | ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ |
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads