ကယန်းဘာသာစကား
မြန်မာနိုင်ငံတွင် အသုံးပြုသော ဘာသာစကား From Wikipedia, the free encyclopedia
Remove ads
ပဒေါင် သို့မဟုတ် ပဒေါင်ကရင် သို့မဟုတ် ကယန်းဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်ပြီး ကယန်းလူမျိုးများက ပြောဆို အသုံးပြုကြသည်။
Remove ads
ပျံ့နှံ့မှု
- ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း
- ကယားပြည်နယ် အနောက်မြောက်ပိုင်း
- သံတောင်မြို့၊ ကရင်ပြည်နယ်
- ပျဉ်းမနားမြို့နယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ
- ကယန်းလဝီ စကား: ကယားပြည်နယ် ဒီမောဆိုးမြို့နယ် အနောက်မြောက်ပိုင်း၊ နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် တောင်ပိုင်း
- ကယန်းကငံ စကား: ကယားပြည်နယ် ဒီမောဆိုးမြို့နယ် အနောက်မြောက်ပိုင်း
Internal classification
ကယန်းဘာသာစကားကို ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ် မြောက်ပိုင်းတို့တွင် ပြောဆို အသုံးပြုကြသည်။ Shintani (၂၀၁၆) အရ မျိုးကွဲ လေးခု ရှိပြီး[၃] ယင်းတို့မှာ[၄]
- ကငံ ("lowland dwellers")
- ကာကောင်း ("highland dwellers")
- လဝီ ("South")
- လထာ ("North") တို့ ဖြစ်ကြသည်။
ကငံ သည် ကယန်းဘာသာစကား တစ်ခုဖြစ်ပြီး ကာကောင်း အုပ်စုခွဲတွင် ပါဝင်သည်။ ယင်းကို ကျေးရွာတစ်ရွာတည်းတွင်သာ ပြောဆို အသုံးပြုကြသည်။
ဖယ်ခုံကယန်း ကို Manson (၂၀၁၀) တွင် မှတ်တမ်းတင်ထားသည်။ ဒီမောဆိုးကယန်း သည် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ ဝါဘန်းပလို့ကျေးရွာတွင် ပြောဆိုကြသည့် ကယန်းနှင့် ဆင်တူသော မူကွဲတစ်ခုဖြစ်ကြောင်း Lew (၂၀၁၈) တွင် ဖော်ပြထားသည်။[၅]
Ethnologue တွင် ပဒေါင် (ကယန်း) ဒေသိယစကားများကို အောက်ပါအတိုင်း စာရင်းပြုစုထားသည်။
- Standard Pekon (prestige dialect)
- Kayan Lahwi
- Kayan Kangan (Yeinbaw, Yinbaw)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads