ပန်ဒါဝက်ဝံကြီး
From Wikipedia, the free encyclopedia
Remove ads
ပန်ဒါဝက်ဝံကြီး (en: Giant panda) ခေါ် ဝက်ဝံမျိုးကို တရုတ်နိုင်ငံ အနောက်ပိုင်းတို့တွင် တွေ့ရသည်။ ပန်ဒါဝံကြီး၏ ပါဏဗေဒအမည်မှာ အီလျူရော့ပိုဒါ မီလာနိုလျူကာ (Ailuropoda melanoleuca) ဖြစ်သည်။
ပန်ဒါဝံကြီးမျိုးသည် ဝက်ဝံအငယ်စား အရွယ်ခန့်ရှိသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ဝါးရုံတောများတွင် တွေ့နိုင်သည်။ အမြီးသည် ငုတ်တိုကလေးသာ ရှိသည်။ ခြေလုံးတုတ်၍ ခြေဖဝါးကြီးသည်။ ဖြူသော ကိုယ်လုံးတွင် လက်ပြင်တစ်ဝိုက်၌ အမဲရစ်ကြီး ရှိသည်။ ခြေထောက်၊ နားရွက်၊ မျက်စိ ပတ်လည်တွင် မဲနေရကား ကြောင်ကြောင်ကျားကျား ရှိသည်။
အသားစားသတ္တဝါ မျိုးစုတွင်ပါဝင်သော ပန်ဒါများသည် ဝါးပင်ကို အဓိကစားသုံးကာ ပန်ဒါရိုင်းများသည် အခြားသောမြက်ပင်များ၊ သစ်ဖုများ နှင့် ရှဉ့်ကဲ့သို့ အကောင်ငယ်များကိုပင် ရံဖန်ရံခါ စားသုံးလေ့ရှိသည်။ သန်မာသော သွားများနှင့် မေးရိုးရှိကာ ဝါးပင် များကို ကောင်းစွာဝါးချေနိုင်သည်။ လက်ဖဝါးတွင် လက်မနှင့် လက်ချောင်း ၅ ချောင်းပါဝင်ကာ အမြီးမှာ ၁၀ မှ ၁၅ စင်တီမီတာ ရှိသောကြောင့် ဝက်ဝံမျိုးစိတ်များအနက်တွင် ဒုတိယ အရှည်ဆုံး အမြီးရှိသူများဖြစ်ကြသည်။ သက်တမ်းမှာ နှစ် ၂၀ ရှည်ပြီး ပန်ဒါရိုင်းများသည် သဘာ၀တောထဲတွင် နှစ် ၃၀ ထိ အသက်ရှည်နိုင်သည်။ မင်းမင် အမည်ရှိ ပန်ဒါမလေးမှာ အသက် ၃၄ နှစ် ထိအသက်ရှင်ခဲ့သည်။
Remove ads
နေထိုင်မှု
ပန်ဒါကြီးများသည် တောရိုင်းထဲတွင် ရှင်သန် နေထိုင်သော မျိုးနွယ်များဖြစ်ပြီး ပုံမှန်အားဖြင့် နေရာပိုင်နက် သတ်မှတ်ကာ သီးခြားနေထိုင်တတ်ကြသည်။ ဆက်သွယ်ရေးအနေနှင့် ပန်ဒါ အချင်းချင်း အသံပေး ဆက်သွယ်ခြင်း သစ်ပင်များကို ကျင်ငယ်စွန့်ကာ အနံ့ ပေးခြင်း တို့ကိုပြုမူတတ်ကြသည်။ သစ်ပင်တက် ကျွမ်းကျင်ကာ ကျောက်တောင်များ သစ်ခေါင်းများအတွင်း နေထိုင်တတ်ကြသော်လည်း နေရာအတည်တကျ နေထိုင်ခြင်းမရှိကြချေ။ အခြား နို့တိုက်သတ္တဝါများကဲ့သို့ ဆောင်းခိုခြင်းအလေ့အထမရှိတတ်ဘဲ ပူနွေးသောဒေသများသို့ သာ ပြောင်းရွေ့နေထိုင်တတ်ကြသည်။ မိတ်ရာသီတွင်သာ ပန်ဒါ အချင်းချင်းရင်းနှီးစွာ နေထိုင်တတ်ကြကာ ရာသီကုန်တွင် သီးခြားပြန်လည် နေထိုင်တတ်သည်။ ပန်ဒါများသည်ရန်မလို တတ်သော်လည်း လူကို တိုက်ခိုက်တတ်ကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads