မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်

IUCN ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း From Wikipedia, the free encyclopedia

မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်
Remove ads

IUCN Red Listမျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်[][] (Vulnerable species - VU)[] ဆိုသည်မှာ ဇီဝမျိုးစိတ် တစ်ခု (ဝါ) တစ်စုသည် ၎င်းတို့၏ရှင်သန်နေထိုင်မှုနှင့် ပေါက်ဖွားမှုတို့အား ခြိမ်းခြောက်ခံနေရခြင်းမျိုးမရှိဘဲ မဝေးတော့သည့် အနာဂတ်ကာလ၌ မျိုးသုဉ်းမှုအန္တရာယ် ကျရောက်လာနိုင်ကြောင်းကို ၎င်းမျိုးစိတ်အပေါ်သို့ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ထိန်းသိမ်းစောင့်ရှောက်ရေးအဆင့်အတန်းသတ်မှတ်ပေးခြင်းဖြစ်သည်။[]

အချက်တိုများ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း IUCN အနီရောင်စာရင်း၏ သတ်မှတ်ချက်များ, မျိုးသုဉ်းသည့် အဆင့် ...

မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်စွမ်းသည် အဓိကအားဖြင့် မျိုးစိတ်များ၏ နေထိုင်ကျက်စားရာ နေရာများဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်များသည် ၎င်းတို့အပေါ်သို့ အန္တရာယ်ကျရောက်မှု ပိုမိုဆိုးရွားလာနိုင်သောကြောင့် သူတို့၏ ဒေသရင်းနယ်မြေများအား စောင့်ကြပ်ကြည့်ရှုပေးရန် လိုအပ်သည်။ ဤအဆင့်အတန်းမျိုး သတ်မှတ်ပေးရသည့် မျိုးစိတ်များ၏ အများစုသည် လူသားများ ဖမ်းယူမွေးမြူလေ့ရှိသော (သို့) ယူဆောင်စိုက်ပျိုးလေ့ရှိသော မျိုးစိတ်များ ဖြစ်ကြသည်။

Thumb
စနဲပင်ဂွင်းများ (Eudyptes robustus) သည် မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်များအတွက် သာဓကတစ်ခုပင်ဖြစ်သည်။

လက်ရှိတွင် ဤအဆင့်အတန်းအား တိရစ္ဆာန်မျိုးစိတ်ပေါင်း (၅၁၉၆) မျိုးနှင့် အပင်မျိုးစိတ်ပေါင်း (၆၇၈၉) မျိုးကို သတ်မှတ်ပေးထားပြီးဖြစ်ရာ ၁၉၉၈ ခုနှစ်ထိ တိရစ္ဆာန်မျိုးစိတ် (၂၈၁၅) မျိုးနှင့် အပင်မျိုးစိတ် (၃၂၂၂) မျိုး သတ်မှတ်ခဲ့မှုနှင့် အရေအတွက်ခြင်း နှိုင်းယှဉ်ကြည့်နိုင်သည်။ [] သတ္တဝါ မျိုးရိုးဗီဇ အရင်းအမြစ်များ အေးခဲထိန်းသိမ်းခြင်း (Cryoconservation of animal genetic resources) ကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ကိစ္စရပ်များသည် မျိုးသုဉ်းမှုအန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်မှုများကို အကောင်အထည်ဖော်နိုင်စေခဲ့သည်။

နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းသည် ဤအဆင့်အတန်းအား မျိုးစိတ်များအပေါ် သတ်မှတ်ရာတွင် စံချိန်စံနှုန်းများစွာဖြင့် တိုင်းတာလေ့ရှိသည်။

Remove ads

နောက်ထပ်ကြည့်ရန်

ပြင်ပလင့်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads