ပိုက်ပိုက်အေး

From Wikipedia, the free encyclopedia

ပိုက်ပိုက်အေး
Remove ads

ဒေါ်ပိုက်ပိုက်အေး(၁၉၆၁ ဖွား) သည် မြန်မာအမျိုးသမီး တရားသူကြီးတစ်ဦး ဖြစ်သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။[]တရားလွှတ်တော်များထဲ ဒုတိယမြောက် အမျိုးသမီးတရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသူလည်းဖြစ်သည်။

အချက်တိုများ ပိုက်ပိုက်အေး, တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ...
Remove ads

ပညာရေး

သူမသည် ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေပညာအထူးပြု LL.B ဘွဲ့ ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၈၄ ခုနှစ်က စပြီး မြန်မာ့တရားစီရင်ရေးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆင့်(၄) တရားရေးအရာရှိ အဖြစ် ဝန်ထမ်းဘ၀ စတင်ခဲ့ကာ တရားစီရင်ရေးမဏ္ဍိုင်အဆင့်အသီးသီးတွင် တရားသူကြီးအဖြစ် ၃၆ နှစ်ကြာ အမှုထမ်းခဲ့သည်။ []

တရားလွှတ်တော်တရားသူကြီးတာဝန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူမကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်သည်။[]၂၀၂၀ မေလ ၁၈ရက်တွင် ယင်းတရားလွှတ်တော်၏ တရားသူကြီးချုပ်တာဝန် ကို တိုးမြှင့်ခန့်အပ်ခဲ့သည်။[]

မိသားစုဘဝ

သူမသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads