ပိုင်တံခွန်
မြန်မာနိုင်ငံသား အနုပညာရှင်တစ်ဦး မအေးလိုး From Wikipedia, the free encyclopedia
Remove ads
ပိုင်တံခွန် (မွေးနာမည် : စစ်ကိုပိုင် ၊ ၁၇ စက်တင်ဘာ ၁၉၉၆ မွေးဖွား) သည် မြန်မာလူမျိုး မော်ဒယ်၊ သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦးဖြစ်သည်။ ၎င်းသည် အနုပညာအလုပ်ကို ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ "သန်းခေါင်ယံခရီးသည်များ" ရုပ်ရှင်နှင့် "လူဆိုးလေးများ ၂" ရုပ်ရှင်တို့တွင် ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
၂၀၁၈ ခုနှစ်တွင် ပိုင်တံခွန်သည် BuzzFeed မီဒီယာ၏ "23 Stunning South Asian Men That Are Too Gorgeous For Words" တွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် The Myanmar Times ၏ ထိပ်တန်းမင်းသားဆယ်ဦးစာရင်းတွင် ဒုတိယနေရာ၌ ဖော်ပြခြင်းခံခဲ့ရသည်။ ၂၀၂၁ ဒီဇင်ဘာ ၂၈ရက်နေ့ တွင် TC Candler ၏ [The 100 Most Handsome Faces of 2021] တွင် ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် နံပါတ်၁ နေရာ၌ ရေးချယ်ဖော်ပြခြင်းခံခဲ့ရသည်။
Remove ads
အစောပိုင်းဘဝနှင့် ပညာရေး
ပိုင်တံခွန်သည် စက်တင်ဘာလ ၁၇ရက် ၁၉၉၆ ခုနှစ်တွင် ကော့သောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမိ ဒေါ်ခင်ကြူနှင့် အဖ ဦးထွန်းမိုး တို့မှမွေးဖွားခဲ့သည်။ သို့သော် ၎င်းသည် ခမောက်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ ပိုင်တံခွန်သည် မွေးချင်းခြောက်ဦးတွင် စတုတ္ထမြောက်သားဖြစ်ပြီး အစ်ကို (၁) ယောက်၊ အစ်မ (၂) ယောက်နှင့် ညီ (၂) ယောက်ရှိသည်။ ပိုင်တံခွန်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ခမောက်ကြီးမြို့တွင် အခြေခံပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွေ့ရှိလာပြီးနောက် မော်ဒယ်တစ်ဦးဖြစ်လာခဲ့သည်။ ယခုလက်ရှိတွင် ၎င်းသည် အဝေးသင်တက္ကသိုလ်(ရန်ကုန်)တွင် စိတ်ပညာသင်ကြားလျက်ရှိသည်။
Remove ads
အလုပ်အကိုင်
၂၀၁၄ - ၂၀၁၆ : မော်ဒယ်
ပိုင်တံခွန်သည် John Lwin Model Training သို့ ၂၀၁၄အတွင်း ချိတ်ဆက်ခဲ့သည်။ ထိုမှာပင် မော်ဒယ်ပညာနှင့် Catwalk တို့ကိုသင်ယူခဲ့သည်။ ၎င်းသည် John Lwin International Model Agency ၏ ကြော်ငြာပွဲများတွင် ပါဝင်ခဲ့သည်။ ၎င်းနောက် တီဗီကြော်ငြာများနှင့် DVD များတွင်လည်း ပါဝင်ခဲ့သည်။ ၎င်းသည် သီချင်းဗီဒီယိုများနှင့် ဖက်ရှင်မဂ္ဂဇင်းများတွင်လည်း ပါဝင်လာခဲ့သည်။ ၎င်း၏ အလုပ်ကြိုးစားသောကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများမှ သတိထားမိလာကာ ရုပ်ရှင်သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပိုင်တံခွန်သည် နန်းဆုရတီစိုးနှင့်အတူ မလေးရှားနိုင်ငံတွင် ကျင်းပသော "Asean Celebrity Explore Quest Malaysia 2016" (ACEQM) တွင် နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ် တက်ရောက်ခဲ့သည်။ ၎င်းပွဲ၌ပင် ပိုင်တံခွန်နှင့် နန်းဆုရတီစိုးတို့သည် ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့် ဖျော်ဖြေခဲ့သည်။
၂၀၁၇ : ရေပန်းစားလာခြင်း
၂၀၁၇ ခုနှစ်တွင် ပိုင်တံခွန်သည် သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သည်။[၁] ၂၀၁၇ ခုနှစ်တွင် ၎င်းသည် သန်းခေါင်ယံခရီးသည်များရုပ်ရှင်တွင် ဇာတ်ဆောင်မင်းသားအဖြစ် နန်းခင်ဇေယျာနှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ထို့နောက် လူဆိုးလေးများ ၂ တွင်လည်း ဇာတ်ဆောင်မင်းသားအဖြစ် ဇေရဲထက် နှင့် ပက်ထရစ်ရှာတို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၎င်းအပြင် ပိုင်တံခွန်သည် သမန်းကျားရုပ်ရှင်ဇာတ်ကားတွင်လည်း အိန်ဂျယ်လမုန်နှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် Documentry ဇာတ်လမ်းတွဲတစ်ခုဖြစ်သော ခရီးသွားကောက်ကြောင်းတွင် ဇာတ်ဆောင်မင်းသားအဖြစ်ရွေးချယ်ခံခဲ့ရသည်။[၂] ၂၀၁၉ ခုနှစ် ဧပြီလတွင် ငြိမ်းသော်၊ ချမ်းမင်းရဲထွဋ်နှင့် သင်ဇာဝင့်ကျော်တို့ပါဝင်သော "သူဘယ်သူလဲရုပ်ရှင်ကား"တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ပိုင်တံခွန်သည် "Asean Celebrity Explore Quest Malaysia 2016" (ACEQM) ၏ သံအမတ်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင်လည်း ပရိသတ်များကြား ရေပန်းစားလာကာ[၃] ဩဂုတ်လ ၃ရက် ၂၀၁၉ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပရိသတ်တွေ့ဆုံပွဲကျင်းပခဲ့သည်။
Remove ads
ဂီတ
ပိုင်တံခွန်သည် သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း စတင်သီဆိုခဲ့သည်။ သူသည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်ဖြစ်သော ချစ်သူ ကို စက်တင်ဘာ ၂၆ရက် ၂၀၁၇ တွင် မိတ်ဆက်ခဲ့သည်။ ပိုင်တံခွန်သည် ၎င်းအယ်လ်ဘမ်မှ ရရှိသော အကျိုးအမြတ်အားလုံးကို အနန္တမေတ္တာမိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့သည်။
အမှတ်တံဆိပ်သံအမတ်
ပိုင်တံခွန်သည် ကုန်တံဆိပ်များ၏ သံအမတ်အဖြစ်လည်း ရွေးချယ်ခံရခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK နှင့် SAILUN TIRE MYANMAR တို့တွင် အမှတ်တံဆိပ်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရုပ်ရှင်များ
တီဗီစီးရီးများ
တစ်ကိုယ်တော်အယ်လ်ဘမ်
- Chit Thu (Lover) (ချစ်သူ)
Remove ads
နိုင်ငံရေး
နွေဦးတော်လှန်ရေးကာလတွင် ရန်ကုန်မြို့၌ သပိတ်တိုက်ပွဲများ၌ တက်ကြွစွာပါဝင်ခဲ့ပြီး[၄] အာဏာသိမ်း စစ်ကောင်စီ၏ ပုဒ်မ ၅၀၅ (က) အရ ၂၀၂၁ ဧပြီလ (၈)ရက်နေ့ မနက် (၅)နာရီတွင် ရန်ကုန်မြို့၊ မြောက်ဒဂုံရှိ သူ၏ မိခင်နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခံရစဉ် အချိန်တွင် အလွန်စိုးရိမ်ရသော နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ငှက်ဖျားရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားနေခဲ့ရသည်။[၅][၆][၇][၈][၉][၁၀][၁၁][၁၂][၁၃] ဖမ်းဆီးခံထားရသော သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်သည် ၂၀၂၂ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ သူနှင့်အတူ ပြေတီဦး၊ လူမင်း၊ အိန္ဒြာကျော်ဇင်နှင့် ဒါရိုက်တာဝိုင်း အစရှိသော အနုပညာရှင်များလည်း ပြန်လည်လွတ်မြောက်ခဲ့သည်။
၂၀၂၃ ခုနှစ် အာဏာသိမ်းစစ်အုပ်စု မှ ဦးစီးကျင်းပသော မြန်မာ့ရိုးရာသင်္ကြန်ပွဲ၌ ကာကွယ်ရေးဦးစီးချုပ် ကြည်း၊ရေ၊လေ ဖျော်ဖြေရေး မဏ္ဍပ်၌ G fatt Yone Lay Floke Rose တို့နှင့်အတူ သွားရောက်ဖျော်ဖြေခဲ့သည်။[၁၄] ထို့ကြောင့် ပြည်သူများ၏ အပြင်းအထန်ဝေဖန်မှုနှင့်အတူ boycott လုပ်ခြင်းကို ခံနေရသည်။ [၁၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads