အဝေးသင်တက္ကသိုလ်(ရန်ကုန်)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အဝေးသင်တက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
အဝေးသင်တက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံရှိ အဝေးသင်တက္ကသိုလ်နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျောင်းသားကျောင်းသူများအား ဝိဇ္ဇာဘွဲ့ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့နှင့် စီးပွားရေးဘွဲ့ သင်တန်းများ၊ ဒီပလိုမာသင်တန်းအမျိုးမျိုးတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

Remove ads
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် အဝေးသင်ပညာသင်ကြားရေးစနစ်ကို ၁၉၇၃ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာသင်တန်းကို စာပေးစာယူသင်တန်းအနေဖြင့် စတင်သင်ကြားခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ပညာရေးဘွဲ့(B.Ed)ကို စာပေးစာယူသင်တန်းမှ ပေးအပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာသိပ္ပံ၊ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ အဝေးသင်ဘွဲ့များကိုလည်း သင်ကြားပေးခဲ့ပြီး မန္တလေးတက္ကသိုလ်မှ စာပေးစာယူသင်တန်းများကို ၁၉၇၉ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ အားလုံးမှ စာပေးစာယူ အဝေးသင် သင်တန်းများ စတင်ခဲ့သည်။
၁၉၉၂ ခုနှစ် ဇူလိုင်လတွင် အောက်မြန်မာပြည်အတွက် အဝေးသင်တက္ကသိုလ်(ရန်ကုန်) နှင့် ၁၉၉၈ ခုနှစ်တွင် အထက်မြန်မာပြည်အတွက် အဝေးသင်တက္ကသိုလ်(မန္တလေး)ဟူ၍ ဖွင့်လှစ်ခဲ့သည်။
Remove ads
အဝေးသင်ဌာနခွဲများ
အဝေးသင်တက္ကသိုလ်(ရန်ကုန်)မှ အောက်ပါမြို့များတွင် အဝေးသင်ဌာနခွဲများကို ဖွင့်လှစ်ထားရှိသည်။[၁]
- ရန်ကုန်မြို့ (ဌာနချုပ်)
- မော်လမြိုင်မြို့
- ပုသိမ်မြို့
- စစ်တွေမြို့
- တောင်ငူမြို့
- ပြည်မြို့
- ထားဝယ်မြို့
- ရန်ကုန်အရှေ့ပိုင်း
- ရန်ကုန်အနောက်ပိုင်း
- ဟင်္သာတမြို့
- ပဲခူးမြို့
- ဘားအံမြို့
- မြိတ်မြို့
- မအူပင်မြို့
- တောင်ကုတ်မြို့
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads