ပုဏ္ဏားရွာ
သရက်မြို့နယ်ရှိ ရွာများ From Wikipedia, the free encyclopedia
Remove ads
ပုဏ္ဏားရွာသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင်း၌ တည်ရှိပြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်ဝယ် ဖက်ဆစ်တော်လှန်ရေးကို စတင်ကြေညာခဲ့သော သမိုင်းဝင်ရွာဖြစ်သည်။ [၁] ၂၀၁၅ တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် ဂုဏ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့သည်။ ၂၀၁၆ တွင် ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူခဲ့သည်။
Remove ads
ဒေသ
ပုဏ္ဏားကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၁,၅၀၀ ခန့်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ကာ၊ အထက်တန်းကျောင်းခွဲ ရှိသည်။ သောက်သုံးရေရှားပါးသော ဒေသတစ်ခု ဖြစ်ပြီး လျှပ်စစ်မီးလည်း မရရှိသေးပေ။[၁]
သမိုင်းကြောင်း
ဂျပန်ခေတ်က ဤရွာဝယ် ဗိုလ်ချုပ်အောင်ဆန်း စခန်းချခဲ့ပြီး၊ ဖက်ဆစ်တော်လှန်ရေးကို ကြေညာခဲ့သည်။ ရက်စွဲမှာ ၁၉၄၅ မတ် ၂၇ ဖြစ်၏။
၂၀၁၅ မတ် ၂၇ ဝယ် ဗိုလ်ချုပ်အောင်ဆန်း (အသက်)ရာပြည့်ပွဲ ကျင်းပခဲ့သည်။
၂၀၁၆ မတ်လ ၂၇ ရက်နေ့ဝယ် ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အခမ်းအနားကို ကျင်းပပြီး၊ ခြောက်ပေမြင့် ကျွန်းသား တစ်ပင်တည်းဖြင့် ပခုက္ကူမြို့တွင် ထွင်းထုပြီး၊ ၂၅ ရက်တွင် အောင်လံမြို့မှတဆင့် မော်တော်ဖြင့် သယ်ယူလာသော ဗိုလ်ချုပ်ရုပ်တုကို သရက်မြို့ပေါ်မှာ ၂၆ ရက်နေ့က လှည့်လည်ပြသပြီးနောက်၊ ဗိုလ်ချုပ် အမိန့် ကြေညာခဲ့သည့် နေရာ၌ အမှတ်တရ စိုက်ထူခဲ့သည်။ အလှူရှင်မှာ ပခုက္ကူမြို့မှ အငြိမ်းစားပါမောက္ခ တစ်ဦး ဖြစ်သည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads