အောင်လံမြို့
From Wikipedia, the free encyclopedia
Remove ads
အောင်လံမြို့ (မြေထဲမြို့) သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အတွင်းရှိ အောင်လံမြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်။ အောင်လံမြို့သည် မကွေးတိုင်းဒေသကြီးအတွင်းတွင် တောင်ဘက်အစွန်ဆုံးမြို့ ဖြစ်သည်။
Remove ads
ခေါ်တွင်ပုံ
ပုဂံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၁၃-ခုနှစ်တွင် ရန်ကုန်မြို့၊ ဟံသာဝတီဝန်ကြီး ဦးအုပ်နှင့် စပ်၍ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်သည်။ ရန်ကုန်၊ ပဲခူး၊ ပြည် သုံးဌာနတို့တွင် တိုက်ပွဲများ ဖြစ်၍ မြန်မာအရေးနိမ့်သဖြင့် ပဲခူးတိုင်း၊ ပြည်မြို့နယ်စု မြေထဲမြို့မှ စ၍ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို မြန်မာသက္ကရာဇ် ၁၂၁၄-ခုနှစ်၊ နတ်တော်လတွင် အင်္ဂလိပ်တို့ သိမ်းယူသွားသည်။ ဗိုလ်မှူးအာလံက နယ်နိမိတ်တိုင် စိုက်ထူသည်။ စိုက်ထူသော ဗိုလ်မှူးအာလံကို အစွဲပြု၍ အာလံမြို့ဟု ခေါ်ကြသည်။ ထို့နောက် အောင်လံမြို့ဟု ခေါ်ကြပြန်သည်။ ယခုတဖန် ရှေးအမည်ဟောင်း မြေထဲမြို့ဟု ခေါ်ကြပြန်သည်။ ယင်း ၁၂၁၄-ခုနှစ်ကို (အောက်က အောင်လံ၊ စိုက်ထူပြန်၊ အမှန်ဒုတိယ)ဟု စပ်ဆိုကြသည်။ [၁]
Remove ads
နယ်ခြားမြို့နယ်များ
အောင်လံမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ [၂]
- မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊
- အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊
- တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် နှင့် ပြည်မြို့နယ်
- အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ် နှင့် သရက်မြို့နယ်
သယ်ယူပို့ဆောင်ရေး
၁၉၉၉ ခုနှစ်မှစ၍ မြန်မာ့မီးရထား မှ မီးရထားလမ်းဖောက်လုပ်ခဲ့သည်။ [၃]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads