ပြည်သူပြည်သား အဖွဲ့
ပြည်သူ့ပါတီ From Wikipedia, the free encyclopedia
Remove ads
၁၉၂၅ ခုနှစ်၊ မင်းတိုင်ပင်အမတ် ရွေးကောက်ပွဲ အပြီးတွင် ဦးပေါ်ထွန်း ခေါင်းဆောင်သည့် ဆွာရပ်ဂျ်ပါတီ၊ သာယာဝတီ ဦးပု ခေါင်းဆောင်သည့် ဟုမ္မရူးပါတီ နှင့် ၂၁ ဦးအဖွဲ့ (အမျိုးသားပါတီ) တို့ ပူပေါင်းပြီး ပြည်သူပြည်သားအဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ ခေါင်းဆောင်မှာဦးဘဖေ ဖြစ်သည်။ ပါလီမန် အတွင်း အစိုးရ ၏အပြုအမူများကို မနှစ်သက်သောအမတ်များ ရာထူးလက်မဲ့ ဖြစ်သည့်အခါတွင် အစိုးရအား တရားဝင် ဆန့်ကျင်ဘက် ပြုလုပ်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစသည်။ ၂၁ဦးအဖွဲ့မှ ဦးဘဖေ၊ ဝတ်လုံဦးပု (ရမည်းသင်း)၊ ဒေါက်တာသိန်းမောင် တို့ ပါဝင်သကဲ့သို့ ဟုမ္မရူးပါတီမှ သာယာဝတီ ဦးပု၊ အမျိုးသား ပါလီမန် ဖြစ်မြောက်ရေး အဖွဲ့မှ ဝတ်လုံဦးနီ၊ ဝတ်လုံဦးဘစိုး ကဲ့သို့သော ပုဂ္ဂိုလ်များအပြင် ဦးထွန်းဝင်း၊ ဦးမြဦး စသော တသီးပုဂ္ဂလများပါ ပါဝင်သည်။ ခွဲရေး-တွဲရေး ပြဿနာ ပေါ်သောအခါတွင် ပြည်သူပြည်သားအဖွဲ့ အတွင်း သဘောထားကွဲသွားခဲ့ပြန်သည်။
၁၉၂၈ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူပြည်သားအဖွဲ့က မဲဆန္ဒနယ် (၅၉) နယ်အနက် နယ် (၄၀)တို့တွင် အနိုင်ရခဲ့သည်။ အထက်တွင် ဆိုပြီးသကဲ့သို့ ဂျီစီဘီအေအဖွဲ့ကြီး အတွင်းမှ သဘောထားကွဲသွား ခဲ့ကြကာ ပါတီအသီးသီး အဖွဲ့အသီးသီး ဖြစ်သွားခဲ့ကြသူများအား ပြည်သူပြည်သား အဖွဲ့ အဖြစ် ပါဝင်ပေါင်းစည်းကြရာ တဖန် ခွဲရေး-တွဲရေးပြဿနာ ဝင်လာသောအခါ ထပ်မံ၍သဘောထား ကွဲပြားကြရ ပြန်သည်။ သာယာဝတီ ဦးပုတို့က တွဲရေး ဖြစ်သွားပြီး၊ ဦးဘဖေတို့က ခွဲရေးဖြစ်သွားသည်။ ဦးပေါ်ထွန်း တို့ကလဲ တွဲရေးသမားတွေ ဖြစ်သွားကြပါတယ်။ ခွဲရေးကို လိုလားသည့် ပြည်သူပြည်သား အဖွဲ့ဝင်များက ပြည်သူပြည်သား အဖွဲ့အမည် ဖြင့်ပင် ကရင်အမျိုးသားအသင်း၊ ဗြိတိသျှ မြန်မာအဖွဲ့များနှင့် ပူးပေါင်းပြီး ခွဲရေးအသင်း ဖွဲ့စည်းခဲ့ကြသည်။
Remove ads
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads