ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
မြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ် From Wikipedia, the free encyclopedia
Remove ads
ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်သည် မြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည်။[၂] ၎င်း၏ ပြည့်စုံရမည့် အရည်အချင်းများပါ အချက်များအရ ယင်းတံဆိပ်သည် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းတိုင်း ရရှိသော တံဆိပ်တစ်ခုဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများ ယနေ့ထိတိုင်ပြုလုပ်ဆဲဖြစ်သောကြောင့်ဖြစ်သည်။
Remove ads
ပြည့်စုံရမည့် အရည်အချင်းများ
အောက်တွင်ဖော်ပြထားသော စစ်ဆင်ရေးများတွင် သာမန်ထက် ထူးခြားပြောင်မြောက်စွာ သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ခိုက်တာဝန်ထမ်းဆောင်ခဲ့ခြင်း (သို့) ၎င်းစစ်ဆင်ရေးကာလများအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိခြင်း တို့အတွက် ချီးမြှင့်သည်[၃] -
- (၁- ၅- ၁၉၆၈) မှ (၃၁- ၁၂- ၁၉၆၈) ကာလအတွင်း ပင်လယ်ဘူး၊ ဂဒူး၊ ဗန်းမောက်/ ဂဏန်းနယ်မြေ နှင့် ထီးချိုင့်/ ကောလင်း/ ဝန်းသိုနယ်မြေများ၌ ပြုလုပ်ခဲ့သည့် "ဂဏန်းစစ်ဆင်ရေး"၊
- (၁- ၆- ၁၉၆၈) မှ (၂၄- ၁- ၁၉၆၉) ကာလအတွင်း သာပေါင်း နှင့် ဓနုဖြူနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "မိုးဟိန်းစစ်ဆင်ရေး"၊
- (၁၀- ၃- ၁၉၆၉) မှ (၃၁- ၃- ၁၉၇၁) ကာလအတွင်း မြောင်းမြခရိုင်၊ သိလ္လာ၊ ကျုံပျော်၊ ဓနုဖြူ၊ ငပုတော၊ လေးမျက်နှာ၊ ကြံခင်းနယ်မြေများ၌ ပြုလုပ်ခဲ့သည့် "ရွှေလင်းယုန်စစ်ဆင်ရေး"၊
- (၁၉- ၄- ၁၉၆၉) မှ စတင်ပြုလုပ်ခဲ့သော မှော်ဘီ/ ပဲခူးနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင်စစ်ဆင်ရေး"၊
- (၂၅- ၅- ၁၉၇၀) မှ (၁၄- ၁၀- ၁၉၇၁) ကာလအတွင်း အုတ်တွင်းနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
- (၂၄- ၈- ၁၉၇၀) မှ (၂၂- ၁၀- ၁၉၇၀) ကာလအတွင်း ကကရံမြစ်၊ ချောင်းသာ၊ ကျွန်းပြဿဒ်၊ ကျောက်ချောင်းကြီး၊ ရေကျော်ချောင်းဝ ပင်လယ်ကမ်း မှ အနောက်တောင်တိုင်းစစ်ဌာနချုပ် နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်စပ်အတိုင်း ချောင်းသာဒေသ အထိ ပါဝင်သော နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "ရွှေလဝန်းစစ်ဆင်ရေး"၊
- (၁၇- ၁၀- ၁၉၇၀) မှ (၁- ၁- ၁၉၇၁) ကာလအတွင်း ပဲခူးခရိုင်၊ ပဲခူးရိုးမနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင်စစ်ဆင်ရေး"၊
- (၂၆- ၁- ၁၉၇၁) မှ (၃၁- ၁၂- ၁၉၇၁) ကာလအတွင်း ဖဒိုနယ်မြေဒေသ၌ ပြုလုပ်ခဲ့သော "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
- (၈- ၁- ၁၉၇၁) မှ (၁၅- ၁၁- ၁၉၇၁) ကာလအတွင်း ဒိုက်ဦးအနောက်ခြမ်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
- (၁၄- ၇- ၁၉၇၁) မှ (၂၀- ၁- ၁၉၇၂) ကာလအတွင်း ဇလွန်မြို့နယ်ဒေသ၌ ပြုလုပ်ခဲ့သည့် "ဧရာမင်းစစ်ဆင်ရေး"၊
- (၂- ၉- ၁၉၇၂) မှ (၂၁- ၁၀- ၁၉၇၂) ကာလအတွင်း ဖျာပုံခရိုင်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "ထော်ပိုင်စစ်ဆင်ရေး"၊
- (၁၈- ၉- ၁၉၇၂) မှ (၁- ၃- ၁၉၇၄) ကာလအတွင်း ပဲခူးရိုးမနယ်မြေ၌ ပြုလုပ်ခဲ့သည့် "အောင်စိုးမိုးစစ်ဆင်ရေး"၊
- ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ မှ ၁၉၇၃ ခုနှစ်၊ မတ်လ ကာလအတွင်း သရက်အရှေ့ခြမ်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
- (၁၇- ၁၁- ၁၉၇၂) မှ (၂၄- ၁၁- ၁၉၇၂) ကာလအတွင်း ပုသိမ်အရှေ့ပိုင်းနယ်မြေ၌ ပြုလုပ်ခဲ့သည့် "ဒေသန္တရစစ်ဆင်ရေး"၊
- (၂၁- ၇- ၁၉၇၃) မှ (၁၅- ၅- ၁၉၇၄) ကာလအတွင်း ကြံခင်း၊ ဟင်္သာတနယ်မြေ၌ ပြုလုပ်ခဲ့သော "တိုင်းလုံးအောင်စစ်ဆင်ရေး"၊
- အထက်ပါစစ်ဆင်ရေးများအပြင် (၁၂- ၁- ၁၉၆၆) မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့သည့် "တပ်မတော် နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများ"၊
Remove ads
ချီးမြှင့်ခြင်းခံရသူများ
၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့သည့် တပ်မတော် နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများတွင် ပါဝင်သူ နှင့် ၎င်း စစ်ဆင်ရေးကာလများအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိသူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းအားလုံး ချီးမြှင့်ခံရသည်။
နောက်ထပ်ကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads