ပြည်သူ့ပါတီ
From Wikipedia, the free encyclopedia
Remove ads
ပြည်သူ့ပါတီ (အင်္ဂလိပ်: People's Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ရှစ်လေးလုံးအရေးအခင်း ကျောင်းသားမျိုးဆက်ဖြစ်သော ဦးကိုကိုကြီးက ဦးဆောင်သည့် ပါတီ ဖြစ်ပြီး ဆိုရှယ်လစ်ဗရယ်ပါတီတစ်ခုလည်း ဖြစ်ပါသည်
Remove ads
ပါတီမှတ်ပုံတင်ခြင်း
၂၀၁၈
၂၀၁၈ ခုနှစ်တွင် ဦးကိုကိုကြီးသည် ရှစ်လေးလုံးပြည်သူ့ပါတီအမည်ဖြင့် ပါတီမှတ်ပုံတင်ရန် ပြန်လည်လျှောက်ထားခဲ့သည်။ သို့သော် ပါတီအမည် ကန့်ကွက်ခံရမှုကြောင့် ရှစ်လကျော်အကြာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင်မှ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၁][၂]
၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအား အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ရန် ကြေညာခဲ့ပြီးနောက်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့၌ ပြည်သူ့ပါတီကို ၂၀၂၃ ခုနှစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ကြေညာချက်အမှတ် (၅၄/၂၀၂၃) ဖြင့် ခွင့်ပြုခဲ့ပါသည်။ ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇) ဖြစ်သည်။[၃][၄] ပြည်ထောင်စုတစ်ဝန်းလုံး ယှဉ်ပြိုင်မည် ဖြစ်သည်။
Remove ads
ပါတီပူးပေါင်းခြင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း ဦးဆောင်သည့် ပယ်ဖျက်ခံရသော အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUDP) သည် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါ တီနှင့်လည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပူးပေါင်းခဲ့သည်။[၃][၅]
ပါတီဌာနချုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ် (၆၂)၊ တိုက် (ဒီ)၊ (၉) လွှာ၊ အခန်း (၉၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။[၄]
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
၂၀၂၀ ရွေးကောက်ပွဲ
ပြည်သူ့ပါတီက တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၁၅၂ ဦးဝင်ပြိုင်မည်ဟု ကြေညာခဲ့သည်။[၆] သို့သော် အကြောင်းကြောင်းကြောင့် ကိုယ်စားလှယ် ၁၄၄ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော် တစ်နေရာမှ အနိုင်ရမှုမရှိပါ။ [၇] ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးမှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။[၆]
၂၀၂၅ ရွေးကောက်ပွဲ
ပါတီသတင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads