ဖယ်ခုံမြို့
From Wikipedia, the free encyclopedia
Remove ads
ဖယ်ခုံမြို့ သည် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ၊ ၅၉ မိနစ် ၁၈ စက္ကန့်နှင့် ၁၉ ဒီဂရီ ၁၇ မိနစ် ၃၄ စက္ကန့်အကြား၊ အရှေ့လောင်တီတွဒ် ၉၆ ဒီဂရီ ၃၂ မိနစ် ၅၃ စက္ကန့် နှင့် ၉၇ ဒီဂရီ ၁၁ မိနစ် ၁၀ စက္ကန့်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၈၀၇.၆) စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ (၄၀.၃၁) မိုင်ရှိပြီး တောင်မှ မြောက်သို့ (၄၇.၃၄) မိုင် ရှည်လျားသည်။ ဖယ်ခုံမြို့တွင် ကယန်း၊ ရှမ်း၊ အင်းသား၊ ပအိုဝ်း၊ ကယား၊ ဓနု၊ လီးရှေား၊ ဗမာ လူမျိုးများ နေထိုင်ကြသည်။ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်အရ မြို့နယ်အတွင်း ကျား-၅၂,၄၇၄ ဦး၊ မ-၅၃,၆၄၃ ဦး၊ စုစုပေါင်း ၁၀၅,၁၁၇ ဦးနေထိုင်ကြသည်။
Remove ads
နယ်နိမိတ်
ဖယ်ခုံမြို့၏မြောက်ဘက်တွင် ပင်လောင်းမြို့၊ညောင်ရွှေမြို့၊ဆီဆိုင်မြို့နယ်များ၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့်ဒီမောဆိုးမြို့နယ်များ၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့နယ်များနှင့်ထိစပ်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၁ ပေတွင် တည်ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads