ဖေဇင်ထွန်း

From Wikipedia, the free encyclopedia

Remove ads

ဦးဖေဇင်ထွန်း သည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ယခင်က စွမ်းအင် ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည်။[]

အချက်တိုများ ဖေဇင်ထွန်း, လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

အလုပ်အကိုင်

ဦးဖေဇင်ထွန်းသည် ယခင်က စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံ​ရေးဦးစီးဌာနမှ ညွှန်ညားရေးမှူးချုပ် တစ်ဦးဖြစ်ကာ အမှုထမ်းအ​ခေါ်အ​ဝေါ် ပြင်ဆင်သည့်အချိန် ၂၀၁၅ခုနှစ် မတ်လ (၁၉)ရက်​နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာခဲ့သည်။[]

၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကိုပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[] ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးသမ္မတရုံးပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင် တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သည်။[] သို့သော် ရက်အနည်းငယ်အကြာတွင် ပညာရေးဝန်ကြီးဌာနအား ဒေါက်တာမျိုးသိမ်းကြီး အားလည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား ဦးဖေဇင်ထွန်းအားလည်းကောင်း လွှဲပေးခဲ့သည်။ ထို့ကြောင့် ၂၀၁၆ခုနှစ် ဧပြီလတွင် ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။[]

ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြီးနောက် စွမ်းအင်ပိုင်းတွင်သာ ရုံးထိုင်ပြီး လျှပ်စစ်ပိုင်းကို လျစ်လျူရှုထားကြောင်း ဝေဖန်ခံခဲ့ရသည်။ ထို့အပြင် ရုံးပိုင်းတွင်သာ အထိုင်များပြီး ကွင်းဆင်းစစ်ဆေးခြင်း နည်းပါးသည်ဟုလည်း ဝေဖန်ခံခဲ့ရသည်။ ကျန်းမာရေးပြဿနာများလည်း ရှိခဲ့သည်။[] ထို့ကြောင့် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads