ဗလာဒီမီယာ ပူတင်

ရုရှား သမ္မတ From Wikipedia, the free encyclopedia

ဗလာဒီမီယာ ပူတင်
Remove ads

ဗလာဒီမီယာ ဗလာဒီမီရိုဗစ်ချ်ပူတင် (အင်္ဂလိပ်: Vladimir Vladimirovich Putin; /ˈptɪn/; ရုရှား: Влади́мир Влади́мирович Пу́тин, IPA: [vlɐˈdʲimʲɪr vlɐˈdʲimʲɪrəvʲɪtɕ ˈputʲɪn] ( )) သည် ရုရှားနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၅၂ခုနှစ် အောက်တိုဘာလ (၇) ရက်တွင် လီနင်ဂရက်မြို့၌ မွေးဖွားသည်။ သူသည် ၂၀၀၀ ခုနှစ် ဇန်နဝါရီမှ ၂၀၀၈ ခုနှစ်မေလအထိ ရုရှားသမ္မတ ဖြစ်ခဲ့သည်။[မှတ်စု ၃][] သမ္မတ မဖြစ်ခင် အချိန်က ပူတင်သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည်။ ပူတင်သည် ဆိုဗီယက်ပြည်ထောင်စု သို့မဟုတ် ရုရှားနိုင်ငံ၏ ခေါင်းဆောင် ဂျိုးဇတ် စတာလင်ပြီးလျင် အရှည်ကြာဆုံးသော ခေါင်းဆောင်ဖြစ်သည်။ သူသည် ကေဂျီဘီ အရာရှိ တစ်ဦးဖြစ်ပြီး ရုရှားအော်သိုဒေါ့ဖ် ဘုရားကျောင်းအသင်းဝင်တစ်ဦးလည်း ဖြစ်သည်။ လျူဒမီလာ ပူတင်နှင့် လက်ထပ်ပြီး သမီးနှစ်ယောက် ရခဲ့သည်။ ၁၉၈၅ မှ ၁၉၉၀ အထိ ကေဂျီဘီသည် ပူတင်အား အရှေ့ ဂျာမနီနိုင်ငံ ဒရက်စဒန်မြို့တွင် တာဝန်ထမ်းဆောင်သည်။ အရှေ့ဂျာမနီအစိုးရ ပြုတ်ကျပြီးနောက်တွင် ပူတင်အား ဆိုဗီယက်ပြည်ထောင်စုသို့ ပြန်ခေါ်ခဲ့ပြီး လီနင်ဂရက်သို့ သူပြန်လာခဲ့သည်။ ပူတင်သည် ၁၉၉၀ ဇွန်လတွင် လီနင်ဂရက်စတိတ် တက္ကသိုလ်၏ နိုင်ငံတကာရေးရာဌာနတွင် အလုပ်လုပ်ခဲ့ပြီး လက်ထောက်မော်ကွန်းထိန်းအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၉၁ ဇွန်လတွင် သူ့အား စိန့်ပီတာစဘတ်ခ်မြို့ မြို့တော်ဝန်ရုံး နိုင်ငံတကာကော်မတီတွင် ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ သူ့အလုပ်မှာ နိုင်ငံတကာဆက်ဆံရေး တိုးတက်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးပွားအောင် ဆောင်ရွက်ရန်အတွက် ဖြစ်သည်။

အချက်တိုများ Vladimir Putin, ရုရှားနိုင်ငံ၏ သမ္မတ ...

ပူတင်၏ ကနဦး သမ္မတသက်တမ်းကာလများတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ရေနံနှင့်ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာမှုကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။[] ထို့နောက် ချီချန် ခွဲထွက်ရေးသမားများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နယ်မြေအား ဖက်ဒရယ်အုပ်ချုပ်မှုလက်အောက်သို့ သွတ်သွင်းခဲ့သည်။[][၁၀] ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဂျော်ဂျီယာနိုင်ငံနှင့် စစ်မက်ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပူတင်၏ တတိယမြောက် သမ္မတသက်တမ်းကာလတွင် ခရိုင်းမီးယားဒေသအား ကျူးကျော်သိမ်းပိုက်မှုဖြစ်ပွားခဲ့သောကြောင့် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများနှင့်အတူ ရုရှားနိုင်ငံတွင် စီးပွားကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ ပူတင်သည် သူ၏မဟာမိတ် အာဆတ် (Bashar al-Assad) ကို ထောက်ခံကြောင်းပြသသည့်အနည်ဖြင့် ရုရှားစစ်သားများကို ဆီးရီးယားပြည်တွင်းစစ်၌ စေလွှတ်၍ စစ်ဘက်ဆိုင်ရာ ကြားဝင်ဟန့်တားမှုကို ဆောင်ရွက်ခဲ့ကာ အရှေ့ပိုင်း မြေထဲပင်လယ်တွင် အမြဲတမ်းရေတပ်အထိုင်စခန်းအတွက် လုံခြုံစေခဲ့သည်။[၁၁][၁၂][၁၃]

ပူတင်၏ စတုတ္ထမြောက် သမ္မတသက်တမ်းကာလ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံအား အလုံးစုံကျူးကျော်စစ်ကို ဆင်နွဲ့ခဲ့သောကြောင့် နိုင်ငံတကာမှ ကန့်ကွက်ရှုံ့ချမှုများနှင့်အတူ ထပ်တိုးအရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပူတင်သည် ယူကရိန်းနိုင်ငံ၏ နယ်မြေ ၄ ခုအား ရုရှားနိုင်ငံထဲသို့ အတင်းသွတ်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က ပူတင်အား စစ်ပွဲအတွင်း ကလေးငယ်များကို တရားမဝင် ပြန်ပြေးဆွဲမှုဖြင့်[၁၄] စစ်ရာဇဝတ်မှုမြောက်သည်ဟု စွဲချက်တင်ခဲ့သည်။[၁၅] ၂၀၂၁ ခုနှစ် ဧပြီလ၌ ကျင်းပသော တနိုင်ငံလုံးလူထုဆန္ဒခံယူပွဲအပြီးတွင် သူ၏သမ္မတသက်တမ်းကို နောက်ထပ် ၂ ကြိမ်အထိ အရွေးခံယူနိုင်မည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသည် ပူတင်အား သူ၏သမ္မတသက်တမ်းကို ၂၀၃၆ ခုနှစ်အထိ သက်တမ်းတိုးပေးစေမည်ဖြစ်သည်။[၁၆][၁၇] ပူတင်သည် ၂၀၂၃ ဇွန်လတွင် ဖြစ်ပွားခဲ့သော ဝဘ်ဂနာအုပ်စု၏ ပုန်ကန်မှုကို ကျော်လွှားနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လတွင် သူသည် သမ္မတသက်တမ်း နောက်တခုကို ထပ်တိုးအရွေးခံခဲ့ရသည်။

ပူတင် အုပ်ချုပ်စဉ်ကာလအတွင်း ရုရှားနိုင်ငံ၏ နိုင်ငံရေးစနစ်သည် အာဏာရှင်စနစ်သို့ ကူးပြောင်းသွားခဲ့သည်။[၁၈] ဆန္ဒမဲပေးရာတွင် လွတ်လပ်၍ တရားမျှတမှု အားနည်းခြင်း၊[၁၉][၂၀][၂၁] ပြိုင်ဘက်နိုင်ငံရေးသမားများကို ဖိနှိပ်အကျဉ်းချခြင်း၊ ရုရှားနိုင်ငံရှိ လွတ်လပ်သော သတင်းမီဒီယာများကို ဆင်ဆာဖြတ်ခြင်း စသည့် အကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Remove ads

မှတ်စု

  1. The Putins officially announced their separation in 2013 and the Kremlin confirmed the divorce had been finalized in 2014; however, it has been alleged that Putin and Lyudmila divorced in 2008.[][]
  2. Putin has two daughters with his ex-wife Lyudmila. He is also alleged to have a third daughter, with Svetlana Krivonogikh,[] and a fourth daughter and twin sons, or just two sons, with Alina Kabaeva,[][] although these reports have not been officially confirmed.
  3. Putin took office as Prime Minister in August 1999 and became Acting President while remaining Prime Minister on 31 December 1999; he later took office as President on 7 May 2000, following his election in March.
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads