ဗေလဋ္ဌသီသထေရ်
From Wikipedia, the free encyclopedia
Remove ads
ဗေလဋ္ဌသီသထေရ်[၁]သည် ရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာဖြစ်၍ အာဒိတ္တပရိယာယသုတ်ကို နာကြားပြီးနောက် ဥရုဝေလကဿပ ကြီးမှူးသော ရသေ့တထောင် နှင့်အတူ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ တော၌ သီတင်းသုံး နေထိုင်စဉ် ဆွမ်းခံ ရလာသော ဆွမ်းအပိုများကို အခြောက်လှန်း၍ သိမ်းဆည်းထားပြီးလျှင် စားလိုသည့်အခါ ဆွမ်းချောက်များကို ရေဆွတ်၍ ဘုဉ်းပေးသည်။ နှစ်သတ္တာဟ, သုံးသတ္တာဟ, လေးသတ္တာဟအကြာ ဆွမ်းခြောက်များကုန်မှ ရွာတွင်းသို့ ဆွမ်းခံထပ်မံ ကြွတော်မူသည်။ ထိုအကြောင်းကို သိရှိသောအခါ ရဟန်းများ ကဲ့ရဲ့ပြစ်တင်ကြသည်၊ ဘုရားရှင် သိရှိတော်မူသဖြင့် “သန္နိဓိကာရ = အာဟာရများကို သိမ်းဆည်း၍ မဘုဉ်းပေးရ”ဟူသော သိက္ခာပုဒ် ပညတ်တော်မူသည် [၂]။ မထေရ်သည် အလိုရမက် ကြီးသောကြောင့် ဆွမ်းများကိုသိုမှီးသိမ်းဆည်း၍ ဘုဉ်းပေးခြင်း မဟုတ်၊ သမာပတ်ကို ချမ်းချမ်းသာသာဝင်စားနိုင်ရန် အလို့ငှာ အာဟာရရှာဖွေရမှု ဒုက္ခ နည်းပါးအောင် သိုမှီးသိမ်းဆည်း၍ ဘုဉ်းပေးတော်မူခြင်းဖြစ်သည်[၃] တချိန်၌ ဗေလဋ္ဌသီသမထေရ်အား ဝဲကြီးနာ ပေါက်သည်၊ သင်္ကန်းများသည် အနာစေးဖြင့် ကိုယ်၌ ကပ်ငြိနေကြသည်၊ ရဟန်းတို့သည် ရေဆွတ်၍ ကိုယ်မှ သင်္ကန်းများကို ခွါကြရသည်၊ ကျောင်းစဉ်လှည့်လည်စဉ် ဘုရားရှင် မြင်တော်မူသဖြင့် ဝဲနာစသည် ပေါက်သော ရဟန်းများအတွက် အမာလွှမ်းသင်္ကန်းနှင့် ဆေးမှုန့်ခွင့်ပြုတော်မူသည်။ တဆက်တည်းပင် အဂိလာန ရဟန်းများအတွက် နွားချေး ချောက်, မြေညက်, ဆိုးရည်ကြိုဖတ်နှင့် အမှုန့် ထောင်းရန် ဆုံကျည်ပွေ့တို့ကို ခွင့်ပြုတော်မူသည် [၄] မထေရ်သည် ပဒုမုတ္တရဘုရားလက်ထက်၌ သင်္ကန်းဝတ်၍ ရဟန်းတရားအားထုတ်ခဲ့ဘူးသည်၊ ဥပနိဿယ မပြည့်စုံသဖြင့် တရားထူး မရခဲ့ပေ။ ဝေဿဘူဘုရားအား ရှောက်သီးလှူခဲ့ ဘူးသည်ကို အစွဲပြု၍ အပါဒန်[၅]၌မာတုလုင်္ဂဖလဒါယကမထေရ်၊ ဟု အမည်တွင်သည် [၆][၇]
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads