ပုရီရမ္မမြို့
From Wikipedia, the free encyclopedia
Remove ads
ဘူရီရမ် (Buriram၊ ထိုင်း: บุรีรัมย์, RTGS: buriram, အသံထွက် [bū.rīː rām])သည် ထိုင်းနိုင်ငံ၊ ဘူရီရမ်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် 410 km အကွာတွင် တည်ရှိသည်။၂၀၁၂တွင် လူဦးရေ ၂၇၈၆၂ဦးရှိသည်။
Remove ads
သမိုင်းကြောင်း

လွန်ခဲ့သော နှစ် ထောင်ပေါင်းများစွာက လက်ရှိ ဘူရီရမ်နေရာမှာ ခမာအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျန်ခဲ့သော အပျက်အစီးများမှ သက်သေပြလျက်ရှိသည်။ တွေ့ရှိခဲ့သော ကျောက်စာတစ်ခုအရ ဘူရီရမ်၏ အုပ်ချုပ်သူမှာ ခမာ ဧကရာဇ်၏ လက်အောက်ခံဖြစ်သည်။ ဆိုင်ယမ်တို့ လက်အောက်သို့ မရောက်မီအထိ ဘူရီရမ်၏ သမိုင်းမှာ အနည်းငယ်သာ တွေ့နိုင်သည်။၁၉ရာစု အစောပိုင်း ဘန်ကောက်ခေတ် အစောပိုင်းကာလတွင် ဆိုင်ယမ်တို့၏ နယ်မြေတစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။
Remove ads
အုပ်ချုပ်ရေး

ဘူရီရမ်တွင် ရွာ ၁၈ရွာရှိသည်။[၁]
Remove ads
မြေမျက်နှာသွင်ပြင်
ဘူရီရမ်မှာ ဘူရီရမ်ပြည်နယ်၏ အလယ်တွင် တည်ရှိသည်။ မြို့တွင် ထင်ရှားသော ရေလမ်းခရီးမရှိပေ။
ရာသီဥတု
ပို့ဆောင်ဆက်သွယ်ရေး
လေဆိပ်
ဘူရီရမ် လေဆိပ်မှာ ဘူရီရမ်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော လေဆိပ်ဖြစ်သည်။ နော့ လေကြောင်းလိုင်းနှင့် ထိုင်းအဲအေးရှား လေကြောင်းလိုင်းတို့သည် ဘန်ကောက်သို့ ပျံသန်းလျက်ရှိသည်။
အဝေးပြေးလမ်း
အဝေးပြေးလမ်း ၂၁၈၊ ၂၁၉၊ ၂၂၆နှင့် ၂၀၇၄တို့သည် ဘူရီရမ်ကိုဖြတ်သွားသည်။
ရထားလမ်း
ထိုင်း နိုင်ငံတော်ရထားလိုင်းစနစ်သည် ဘူရီယမ်ဘူတာရုံတွင် ဆိုက်သည်။ ဘူရီရမ်မြို့သည် ထိုင်း အရှေ့မြောက် ရထားလမ်းတွင် တည်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads