နော့ လေကြောင်းလိုင်း
ထိုင်းနိုင်ငံမှ တန်ဖိုးနည်းလေကြောင်းလိုင်း From Wikipedia, the free encyclopedia
Remove ads
နော့ လေကြောင်းလိုင်း (အင်္ဂလိပ်: Nok Air; ထိုင်း: นกแอร์) သည် ထိုင်းနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေစိုက်၍ ထိုင်းနိုင်ငံ ပြည်တွင်းခရီးစဉ်များကို အဓိကထား ပျံသန်းလျက်ရှိသည်။[၃] နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၏ တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်သည်။
Remove ads
သမိုင်း
နော့ လေကြောင်းလိုင်းကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် စကိုင်း အေးရှား ကုမ္ပဏီက စတင်တည်ထောင်ခဲ့ပြီး ဇူလိုင်လ၂၃ ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၁၄၀၀ ခန့် ရှိပြီဖြစ်သည်။[၃] နော့ လေကြောင်းလိုင်း၏ ပထမဦးဆုံး ခရီးစဉ်ကို အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့သို့ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ နေ့စဉ်ခရီးစဉ်ဖြင့် စတင်ခဲ့သည်။
နော့ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံအတွင်း ခရီးစဉ်ပေါင်း ၂၄ ခုဖြင့် အများဆုံး ပြေးဆွဲလျက်ရှိသည်။[၄] ၂၀၁၃ ခုနှစ်တွင် နော့ လေကြောင်းလိုင်းသည် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၁၃၀၀၀ ဝင်ငွေရှိ၍ ၁၀၆၆ သန်း အမြတ်ရခဲ့သည်။
အစပိုင်းတွင် နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနှင့် ပတ်သတ်မှုမရှိပဲ လွတ်လပ်စွာ ရပ်တည်လည်ပတ်ခဲ့သည်။ ထို့ကြောင့် လေကြောင်းလိုင်း ၂ ခုကြား အဖုအထစ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ အစုရှယ်ရာများကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်ခဲ့ခြင်း မရှိချေ။ ဝယ်ယူနိုင်ခဲ့ပါက ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ ရှယ်ရာ ၃၉ ရာခိုင်နှုန်း မှ ၄၉ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်။[၅]
စတော့ဈေးကွက်တွင် ဝင်ရောက်နိုင်ရန်အတွက် ကုမ္ပဏီနာမည်ကို "နော့ လေကြောင်းလိုင်း ကုမ္ပဏီ လီမိတက်" အဖြစ် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ တွင် ပြောင်းလဲခဲ့သည်။ စတော့ရှယ်ရာ ဈေးကွက်ကို ဝင်ရောက်အပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ "နော့ လေကြောင်းလိုင်း အများပြည်သူ ကုမ္ပဏီ လီမိတ်က်" အဖြစ် ထပ်မံ နာမည်ပြောင်းခဲ့သည်။ စတော့ရှယ်ရာဈေးကွက်တွင် ကုမ္ပဏီ၏ အမှတ်တ့ဆိပ်မှာ "NOK" ဖြစ်သည်။[၆]
၂၀၁၄ နော့ လေကြောင်းလိုင်းသည် စင်ကာပူနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သော စကု လေကြောင်းလိုင်း နှင့် အကျိုးတူ ပူပေါင်းခဲ့ပြီး နော့စကု ဖြစ်လာခဲ့သည်။ နော့စကု လေကြောင်းလိုင်းသည်လည်း ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အခြေစိုက်ကာ ဒေသတွင်း တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုအဖြစ် ရပ်တည်နေသည်။
Remove ads
ပျံသန်းရာမြို့များ

ပြည်တွင်း
- ဘန်ကောက် - ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (အဓိက အခြေစိုက်ရာ) မှ
- Buriram - Buriram Airport
- ချင်းမိုင် – ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Chiang Rai – Mae Fah Luang International Airport
- Chumphon (Pathio) - Chumphon Airport with onward ferry connections to Ko Tao, Ko Phangnan and Ko Samui.
- ဟိုက်ရိုင် – ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Khon Kaen - Khon Kaen Airport
- Krabi - Krabi Airport
- Lampang - Lampang Airport
- Loei - Loei Airport
- Mae Hong Son - Mae Hong Son Airport
- Mae Sot - Mae Sot Airport
- Nakhon Phanom - Nakhon Phanom Airport
- Nakhon Si Thammarat – Nakhon Si Thammarat Airport
- Nan - Nan Airport
- Phrae - Phrae Airport
- Phitsanulok - Phitsanulok Airport
- ဖူးခက် – ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Ranong - Ranong Airport
- Roi Et - Roi Et Airport
- Sakon Nakhon - Sakon Nakhon Airport
- Surat Thani – Surat Thani Airport
- Trang – Trang Airport
- Ubon Ratchathani – Ubon Ratchathani Airport
- Udon Thani – Udon Thani International Airport
- ချင်းမိုင် - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
- ဘန်ကောက် – ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
- Udon Thani – Udon Thani International Airport
အပြည်ပြည်ဆိုင်ရာ
- မြန်မာ
- ဗီယက်နမ်
- စင်ကာပူ
- စင်ကာပူ - စင်ကာပူ ချန်ဂီလေဆိပ် (စကု လေကြောင်းလိုင်းနှင့် ပူးပေါင်းပျံသန်း)
Remove ads
လေယာဉ်

နော့ လေကြောင်းလိုင်းသည် လေယာဉ်ပေါင်း ၂၀ ကျော်နှင့် ပျံသန်းလျက်ရှိသည်။
၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၂ ရက် စာရင်းများအရ အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်းနေသည်။
အဓိက ရှယ်ရာရှင်များ
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads