ထိုင်းအဲအေးရှား လေကြောင်းလိုင်း
From Wikipedia, the free encyclopedia
Remove ads
ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် မလေးရှားနိုင်ငံအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်သော အဲအေးရှား လေကြောင်းလိုင်း နှင့် ထိုင်းနိုင်ငံ အေးရှားလေယာဉ်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းထားခြင်း ဖြစ်သည်။ ဘန်ကောက်မြို့ကို အခြေစိုက်၍ ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များကိုပါ ပျံသန်းလျက်ရှိသည်။
ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်ပြီး ယခင်က သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေစိုက်ကာ ပြည်တွင်း၊ပြည်ပ ခရီးစဉ်များကို ပျံသန်းခဲ့သည်။[၈] ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မ စတင်၍ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြောင်းလဲအခြေစိုက်ခဲ့သည်။
လေယာဉ်အချိန်မှန်မှုအရ ၂၀၁၃ ခုနှစ်တွင် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် အာရှတိုက်ရှိ လေကြောင်းလိုင်းများတွင် အဆင့်(၃) အချိန်အမှန်ဆုံးဖြစ်ခဲ့သည်။ လေယာဉ်ချိန် ၉၆.၀၈% မှန်သည်ဟု ဆိုသည်။[၉]
Remove ads
သမိုင်း
ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပြည်တွင်းခရီးစဉ်များကို စတင်ပျံသန်းခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ရှယ်ယာဝေစုပိုင်ဆိုင်မှုမျာ အေးရှားလေယာဉ်ကုမ္ပဏီမှ ၅၅% နှင့် အဲအေးရှား ကုမ္ပဏီမှ ၄၅% ပိုင်ဆိုင်လျက်ရှိသည်။
ပျံသန်းရာမြို့များ
Hubs | |
Future routes | |
Terminated routes |
Remove ads
လေယာဉ်
၂၀၁၅ ခုနှစ် နိုဝင်ဘာ စာရင်းအရ အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ လေယာဉ်များမှာ သက်တမ်း ၄.၃ နှစ်ခန့် ရှိပြီဖြစ်သည်။[၂၂]
လေယာဉ်ပုံများ
- Hover over each photo to view label detail
- Airbus A320-200 with Sharklets
- Airbus A320-200
စပွန်ဆာ
ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် လက်စ်တာစီးတီး ဘောလုံးအသင်း၊ ကွန်းပတ်ရိန်ဂျာ အပါအဝင် အခြား ထိုင်းဘောလုံးအသင်းများကိုပါ စပွန်ဆာပေးလျက်ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads