မင်းဇေယျာဦး

From Wikipedia, the free encyclopedia

Remove ads

ဦးမင်းဇေယျာဦး သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

အချက်တိုများ ဦးမင်းဇေယျာဦး, စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (အမျိုးသားညီညွတ်ရေးအစိုးရ) ...

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့်အပ်ခဲ့သည်။[][][]

Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဦးမင်းဇေယျာဦးကို ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် မွန်ပြည်နယ်မုဒုံမြို့တွင် မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ထို့အပြင် စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုပညာရပ်ဒီပလိုမာ၊ ပရော်ဖက်ရှင်နယ်ဈေးကွက်စီးပွားရေးစီမံအုပ်ချုပ်မှုဒီပလိုမာ၊ လူသားအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အသိမှတ်ပြုလက်မှတ်၊ အထူးဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ပညာရပ် အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဦးဆောင်မှု ဖွံဖြိုးရေး အသိမှတ်ပြုလက်မှတ်တို့ကိုလည်း ရရှိခဲ့သည်။[]

Remove ads

နိုင်ငံရေး

သူသည် ၁၉၉၆ ခုနှစ် ကျောင်းသားများလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကာ မွန်ဒီမိုကရေစီပါတီသို့ ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့သည်။ မွန်ပါတီများပူးပေါင်းပြီးနောက်တွင် မွန်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်ပင် မွန်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့၏ ဗဟိုစီမံ အုပ်ချုပ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရသည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်ပြီးနောက် မွန်အမျိုးသားကွန်ရက်တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads