မွန်အမျိုးသားပါတီ
မြန်မာနိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
မွန်အမျိုးသားပါတီ (အင်္ဂလိပ်: Mon National Party; အတိုကောက် MNP; မွန်: ဗော် ကောန်ဂကူ မန်) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon National Party- MNPဟု လူသိများသည်။ မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ပါတီနှစ်ခုကို ပူးပေါင်း၍ ၂၀၁၄ ဇန်နဝါရီ ၂၆ ရက်တွင် မွန်အမျိုးသား ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းသည်။[၃] ပါတီ၏ နိုင်ငံရေး သဘောတရားမှာ မွန်လူမျိုး အခွင့်အရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democratic Front) ကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်အချို့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ သဘောမတူသည့်အတွက် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခြင်းမရှိခဲ့ပေ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး[၁] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာပါတီနှစ်ခုကို ပူးပေါင်း၍ မွန်အမျိုးသားပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၂] ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် နိုင်သက်လွင် သည် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။[၄]
Remove ads
ဖျက်သိမ်းခြင်း
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် မွန်အမျိုးသားပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၅]
ပါတီမူဝါဒ
- အမျိုးသား တန်းတူညီမျှမှုနှင့် တိုင်းရင်သားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊
- စစ်မှန်သည့် ဒီမိုကရက်တစ် ပြည်ထာင်စု ထူထောင်ရေး၊
- ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး။
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads