မန္တလေးတိုင်းဒေသကြီး လွှတ်တော်

မန္တ​လေးတိုင်း​ဒေသကြီး၏ ဥပ​ဒေပြုအဖွဲ့ From Wikipedia, the free encyclopedia

မန္တလေးတိုင်းဒေသကြီး လွှတ်တော်
Remove ads

မန္တလေးတိုင်းဒေသကြီးလွှတ်တော် (အင်္ဂလိပ်: Mandalay Region Hluttaw) သည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၇၆ ဦး (ရွေးကောက်ခံ ၅၇ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၉ ဦး) ရှိသည်။

အချက်တိုများ မန္တလေးတိုင်းဒေသကြီးလွှတ်တော်, အမျိုးအစား ...

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်၏ မဲဆန္ဒနယ်အများစုကို အနိုင်ရရှိခဲ့သည်။[][]

Remove ads

အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ (နိုဝင်ဘာ ၂၀၁၅)

အကြီးအကဲများ

ဥက္ကဋ္ဌများ စာရင်း

နောက်ထပ် အချက်အလက်များ №, ပုံ ...

ဒုတိယ ဥက္ကဋ္ဌများ

နောက်ထပ် အချက်အလက်များ №, ပုံ ...
Remove ads

လွှတ်တော်အကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူ၍ ပိုင်းခြားကျင့်သုံးလျက်ရှိပြီး ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း ထားသည်။ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို (၃၁.၁.၂၀၁၁) တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို (၈.၂.၂၀၁၆) တွင် စတင်ကျင်းပခဲ့သည်။

တည်နေရာအကျယ်အဝန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် အကျယ်အဝန်းအနေဖြင့် ၅.၀၀ ဧက ဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀-၇၃လမ်းကြားတွင် တည်ရှိသည်။ ပထမအကြိမ်လွှတ်တော်ကို ၂၄လမ်းနှင့် ၆၅လမ်းထောင့်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ ယခုလက်ရှိ လွှတ်တော်ရုံးအသစ်ကို ဒုတိယအကြိမ်သက်တမ်းမှ စတင်အသုံးပြုလျက်ရှိသည်။

Thumb
၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်းက ​တွေ့ရစဉ်

တိုင်းဒေသကြီးလွှတ်တော် ဖွဲစည်းခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး၊ စုစုပေါင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိ ဒုတိယအကြိမ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၅၇)ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(၄၉)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၇)ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၁)ဦးတို့ဖြစ်၍ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း (၇၆)ဦး ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် သက်တမ်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းမှာ ပြည်သူ့လွှတ်တော် သက်တမ်း နှင့်အညီ (၅)နှစ်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။[]

တိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးကို ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့မှစ၍ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ရုံးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်မှ လွှတ်တော်ရုံးဝန်ထမ်းများအား လွှဲပြောင်းဖွဲ့စည်းခဲ့သည်။[]

Remove ads

အခြားကြည့်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads