အောင်ကျော်ဦး

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ (၂၀၁၆-၂၀၂၁) From Wikipedia, the free encyclopedia

Remove ads

ဦးအောင်ကျော်ဦး (၂၇ မေ ၁၉၅၆-၂၇ ဇွန် ၂၀၂၅) သည် မြန်မာလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအတွင်းတွင် ဖမ်းဆီးခံရကာ၊ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်အတွင်း ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။

အချက်တိုများ အောင်ကျော်ဦး, မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ...
Remove ads

နိုင်ငံရေးဖြတ်သန်းမှု

ဦးအောင်ကျော်ဦးသည် အစောပိုင်းကာလများတွင် ရှေ့နေတစ်ဦး အဖြစ် အသက်မွေးခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ၂၀၁၅တွင် ဦးအောင်ကျော်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် တွင် ရွေးကောက်ပွဲဝင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရပြီး တိုင်းလွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပြီးနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။[] ထိုတာဝန်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[]

Remove ads

ထောင်ကျခံရခြင်း

ဦးအောင်ကျော်ဦးသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရသည်။ထိုသို့ဖမ်းဆီးခံခဲ့ရသည့်အပြင် ကျန်ရစ်ခဲ့သည့် ၎င်း၏ မိသားစုဝင်များလည်း ရန်ရှာခံခဲ့ရသည်။[] ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် အိုးဘိုထောင်တွင်းတရားရုံးက ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဥပေဒပုဒ်မ - ၂၅ ဖြင့် ထောင် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်ချမှတ်သည်။[] အကျဉ်းထောင်အတွင်း ထောင်ဒဏ်ချမှတ်ခံနေရစဉ် ကျန်းမာရေးချို့ယွင်းလာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads