မယူမြစ်

From Wikipedia, the free encyclopedia

Remove ads

မယူမြစ်သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တွင်း စီးဆင်းသော မြစ်တသွယ် ဖြစ်၍ ကုလားတန်မြစ်လေးမြို့မြစ်တို့၏နောက် တတိယစွဲသည်။ မြောက်ဘက်ရှိ တောင်များ၌ မြစ်ဖျားခံသည်။ ကုလား တန်မြစ်၏ အနောက်ဘက်ကျ၍ နတ်မြစ်၏ အရှေ့ဘက် ဖြစ်သည်။

အချက်တိုများ မယူမြစ်, နိုင်ငံ ...

မယူမြစ်သည် အထက်ပိုင်းတွင် ကုလားပန်းဇင် ချောင်းဟု တွင်သည်။ အရှေ့ဘက်တွင် စိုင်တင်ချောင်းနှင့် ရီချောင်းတို့ပေါင်းဆုံလာသောချောင်းသည် ကုလားပန်းဇင် ချောင်းနှင့် ဘုံညိုလိပ်အနီးတွင် ပေါင်းဆုံသည်။ ထို့နောက်တွင် မြစ်သည် တဖြည်းဖြည်း ကျယ်လာပြီးလျှင် စစ်တွေမြို့ အထက်ဘက်တွင် ဘင်္ဂလားအော်တွင်းသို့စီးဝင်သည်။[] မယူမြစ် သည် ၉၆ မိုင်မျှ ရှည်လျားသည်။ စစ်တွေမြို့မှ ၇၅ မိုင်ခန့် ကွာဝေးသော ဘူးသီးတောင်မြို့အထိ မယူမြစ်စဉ်တစ်လျှောက် လှေသဘော်ငယ်များ သွားလာနိုင်သည်။ မယူမြစ်ပေါ်တွင် တည်ရှိသော ထင်ရှား သည့် မြို့များမှာ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့များဖြစ်သည်။ ဘူးသီးတောင်မြို့သည် မယူမြစ်၏ အထက် ပိုင်းဖြစ်သော ကုလားပန်းဇင်ချောင်း၏ အနောက်ဘက် လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။

ရသေ့တောင် မြို့မှာမူကား အရှေ့ဘက်ဖြစ်သော လက်ဝဲဘက် ကမ်း အထက်ဘက် ၁ဝ မိုင်ကျော်လောက်တွင် တည်ရှိသည်။ မယူ မြစ်ဝှမ်းမှ ဆန်စပါးများ ထွက်သည်။ မယူမြစ်၏ အနောက်ဘက်ရှိ နတ်မြစ်နှင့် မယူမြစ်တို့ အကြားတွင် မယူမြစ်ဝအထိ မယူတောင်တန်းကြီး တည်ရှိ၏။ မယူတောင်တန်းအဆုံး၊ မယူမြစ်နှင့် ဘင်္ဂလားအော် အကြားရှိ မယူကျွန်းဆွယ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်တလင်း ဖြစ်ခဲ့လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads