လေးမြို့မြစ်

မြန်မာ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြစ် From Wikipedia, the free encyclopedia

လေးမြို့မြစ်
Remove ads

လေးမြို့မြစ် သည် ချင်းပြည်နယ်အတွင်းရှိ ချင်းတောင်တန်း ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းသွားသော မြစ်တစ်စင်းဖြစ်သည်။ လေးမြို့မြစ်သည် မြန်မာနိုင်ငံအနောက်ဖက်ကမ်းမြောင်ဒေသရှိ မြစ်ကြီး (၄) စင်းအနက် ကုလားတန်မြစ် ပြီးလျှင် ရခိုင်ပြည်နယ်၏ ဒုတိယအရှည်ဆုံးမြစ်တစ်စင်းဖြစ်သည်။ ချင်းပြည်နယ်မင်းတပ်ခရိုင်မတူပီမြို့နယ် အတွင်းရှိ ဘုံတလာရေတံခွန်မှ အစတည်မြစ်ဖျားခံကာ ပလက်ဝမြို့နယ် သို့ ဖြတ်သန်း၍ ရခိုင်ပြည်နယ်အတွင်းသို့ စီးဆင်းလာသော မြစ်တစ်စင်းဖြစ်သည်။

အချက်တိုများ လေးမြို့မြစ်, နိုင်ငံ ...

ယင်းသည် စစ်တွေအရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာသို့ စီးဝင်သည်။ အေဒီ ၈ ရာစုနောက်ပိုင်းနှင့် ၁၃ ရာစုကြားတွင် ရခိုင်လူမျိုးများ အခြေချ တည်ထောင်နေထိုင်ခဲ့သည့် လောင်းကြက် ၊ ပုရိန် ၊ ခြိတ် ၊ စမ္မဝက် (ပဉ္စ) အမည်ရသောမြို့လေးမြို့ကို အစွဲပြု၍ လေးမြို့မြစ်ဟု အမည်တွင်လာခြင်းဖြစ်သည်။ ကျောက်ဆစ်လက်ရာ အနုပညာများဖြင့် နာမည်ကျော်ကြားသော ဒေသလည်းဖြစ်သည်။ လေးမြို့မြစ်ဝှမ်း အထက်ပိုင်းတွင် သက်တမ်းနု ကျောက်မျက်ရတနာများကိုလည်း တွေ့ရသည်။

လေးမြို့မြစ်ကို မတူလူမျိုးစုက "လည်မျို - Lemyo" ဟုခေါ်ဝေါ်ကြပြီး ပါဠိဘာသာစကား "လဟုမေရီ - Lahu mayi" မှ ဆင်းသက်လာသည်။ ရခိုင်ဘာသာစကားတွင်ကား "လေးမြို့ - Lay Mro " ဟု ခေါ်ဝေါ်ကြပြီး မင်းပြားဒေသခံများကမူ မင်းပြားမြို့အရှေ့ဖက်တွင် စီးဆင်နေသော လေးမြို့မြစ်ကို အဉ္ဇနနဒီမြစ်ဟု လည်းကောင်း ၊ ရာမောင်မြစ်ဟု လည်းကောင်း ခေါ်ဆိုကြပါသည်။ အဉ္ဇနနဒီမြစ်မှာ မျက်စဉ်းညိုရောင်အဆင်းရှိသော ရေများရှိသည့် မြစ်ဟု အဓိပ္ပါယ်ရသည်။

လေးမြို့မြစ်သည် ချင်းပြည်နယ် ၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ်မှ အစချီကာ မြောက်ဦးမြို့နယ် ၊ မင်းပြားမြို့နယ် ၊ ပေါက်တောမြို့နယ်တို့ကို ဖြတ်သန်း၍ စစ်တွေမြစ် (ကုလားတန်မြစ်) အတွင်းသို့ စီးဝင်သွားသည်။ ယခင်က ထိုမြစ်အထက်ပိုင်းတွင် မင်းပြားမြို့နယ် ၊ ပန်းမြောင်းရွာအထိ ရေကြောင်းသ‌င်္ဘောများ သွားလာနိုင်ခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်းကျွန်းပေါ်တိမ်‌ကောခဲ့ကာ မင်းပြားမြို့အနီးအနားရှိ ရာမောင်ကြိုးတံတားအနီးထိသာ ရေကြောင်းသင်္ဘောများ သွားလာနိုင်တော့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads