မယ်ဗမာ ပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
မယ်ဗမာ (အင်္ဂလိပ်: Miss Burma) ဆိုသည်မှာ ၁၉၄၇ ခုမှ ၁၉၆၂ ခုကြား မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကိုယ်စားပြု ကာယအလှမယ် ရွေးချယ်ပွဲ ဖြစ်သည်။
Remove ads
ကျင်းပဖြစ်ပုံ
၁၉၄၇ ခု၊ စက်တင်ဘာလ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက ရောက်သည်။ ထိုအခါ မောင်ဗမာပြိုင်ပွဲများ စတင်ရာ မယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းသည်။ ဤသို့ဖြင့် မယ်ဗမာပြိုင်ပွဲများ ပေါ်ပေါက်လာသည်။ [၁]
မယ်ဗမာ ပြိုင်ပွဲကို ကြပ်မတ်သည့်အဖွဲ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ဖြစ်သည်။
မယ်ဗမာ သီချင်း
၁၉၄၈ ခုတွင် မယ်ဗမာပြိုင်ပွဲကို ရည်ညွှန်းသော "မယ်ဗမာတွေ ဆိုတာကတော့ လှပါပေတယ် ချောပါပေတယ် ရွှေမန်းမယ် ပျိုနှမ ချစ်ချင်ဖွယ် ကြိုက်ချင်ဖွယ်" အစချီ မယ်ဗမာ သီချင်း ပေါ်လာသည်။
မယ်ဗမာ၏ ပြောင်းလဲသွားပုံ
မယ်ဗမာသည် :
- အမျိုးသမီးများ၏ ကာယဗလ၊ ကျန်းမာခြင်းနှင့် ကိုယ်ခန္ဓာအလှ ပေါ်တွင် ယှဉ်ပြိုင်ရသည်။
- ၁၉၆၂နောက်ပိုင်းနှင့် ယခုအခါတို့တွင် ကာယဗလမယ်၊ ကာယအလှမယ်ပွဲများ၊ ချန်ပီယံဝိတ်ပြိုင်ပွဲများအဖြစ်ပြောင်းလဲ သွားခဲ့သည်။
- ၁၉၉၀ဝန်းကျင်တွင် အလေးမအဖွဲ့ချုပ်ကသီးသန့်၊ ကာယဗလအဖွဲ့ချုပ် ကသီးသန့် ခွဲ၍ဖွဲ့စည်း ခဲ့သည်။
- ကာယဗလအဖွဲ့ချုပ်တွင် ကာယဗလနှင့် လှယဉ်ကျေးမယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိသည်။ယခုနောက်ပိုင်းတွင် ကာယကြံခိုင်မူ မယ်ဟူ၍ ပြောင်းလဲခဲ့သည်။[ကိုးကားချက်လိုသည်]
မယ်ဗမာအဖြစ် ရွေးချယ်ခံရသူများ
မြန်မာအမျိုးသမီးအလှပြိုင်ပွဲ (၁၉၃၄)
မယ်ဗမာ (၁၉၄၇-၁၉၆၂)
Runner-Up (ဒုတိယနေရာ)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads