ခင်မြင့်မြင့်
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်(၁၉၄၄-၂၀၀၉) From Wikipedia, the free encyclopedia
Remove ads
ခင်မြင့်မြင့် (၁၉၄၄-၂၀၀၉) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ ကာယအလှမယ်နှင့် အလှူရှင် ဖြစ်သည်။ မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
Remove ads
ငယ်ဘဝ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၌ ၁၉၄၄ ခုနှစ်တွင် မွေးသည်။ အထက်တန်းကို မြို့မကျောင်း (ယခု အထက(၂)ဒဂုံ) တွင် တက်ခဲ့ပြီး လှံတံပစ်၊ သံပြားပစ်၊ သံချောင်းပစ် စသည့် အပစ်အားကစားများတွင် ထူးချွန်သည်။ ၁၉၅၉ ခုနှစ်တွင် မြို့မမယ်ဘွဲ့ ရရှိခဲ့သည်။[၁]
မယ်ဗမာ
၁၉၆၁ ခုနှစ်တွင် မယ်ဗမာပြိုင်ပွဲသို့ ဝင်ပြိုင်ရာ အနိုင်ရသဖြင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ လောင်းဘိချ်၌ ကျင်းပသော မယ်စကြဝဠာပြိုင်ပွဲသို့ သွားရသည်။ အမေရိကန် မီယာမီမြို့ ကမ္ဘာ့အဆင့် မယ်စကြဝဠာလောင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ [၁]
စီးပွားရေး လှုပ်ရှားမှု
မယ်ရွေးခံပြီးနောက် စီးပွားရေးလောကသို့ ဝင်ကာ ဆန်စက်နှင့် ဂျပန်မှ ကားသွင်းသည့်အလုပ်ကို လုပ်သည်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည့်အခါ စားသောက်ကုန်ဘက် ကူးသည်။ အေအေဆေးဝါးလုပ်ငန်း၏ ဒုနာယကအဖြစ်လည်း လုပ်ကိုင်သည်။
လူမှုရေး လှုပ်ရှားမှု
မြန်မာအမျိုးသမီးများ ရိုးရာအားကစား အသင်း၊ မြန်မာ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်၊ မြန်မာ မသန်စွမ်းသူများ အားကစား အသင်းတို့တွင် ပါဝင်ခဲ့သည်။
မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။
မိသားစုဘဝ
အိမ်ထောင်ဖက်မှာ ဦးမြတ်သင်းအောင်ဖြစ်၍ သားသမီး (၆) ဦး ထွန်းကားသည်။
ဘွဲ့များ ဆုတံဆိပ်များ
ကျပ် သိန်း (၃၀၀၀) ကျော် လှူဒါန်းခဲ့ရာ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ ၊ လူမှုထူးချွန်ဘွဲ့ ပထမဆင့်[၁] ချီးမြှင့်ခံရသည်။
၂၀၀၈ ခုတွင် ဗီယက်နမ်မှပေးသော အာဆီယံဆု ရခဲ့သည်။ [၂]
ဘဝနိဂုံး
၂၀၀၉ ခု၊ စက်တင်ဘာလ ၁၉ ရက်တွင် နှလုံးဖောက်ကာ ကွယ်လွန်သည်။ [၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads