မာလာသန်းထိုက်

မြန်မာသံအမတ်ကြီး From Wikipedia, the free encyclopedia

Remove ads

ဒေါ်မာလာသန်းထိုက် သည် မြန်မာသံအမတ်ကြီး တစ်ဦးဖြစ်သည်။သူသည် သံအမတ်ကြီး ဒေါ်ခင်ကြည် နောက်ပိုင်း မြန်မာ့နိုင်ငံရေးအတွင်း သတ္တမမြောက်ခန့်အပ်ခံရသည့် အမျိုးသမီးသံအမတ်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် နိုင်ငံခြားရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[]

အချက်တိုများ ဒေါ် မာလာသန်းထိုက်, သီရိလင်္ကာနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ...
Remove ads

ဝန်ထမ်းဘဝ

သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် နှစ် ၃၀ ဖြတ်သန်းပြီးနောက် ၂၀၂၀ပြည့်နှစ်ထဲတွင် ယင်းဝန်ကြီးဌာန ၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ်ခံရသည်။ [] ဒေါ်မာလာသန်းထိုက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီအမြဲတမ်းအတွင်းဝန် ရာထူးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မှ ၂၉ ရက်နေ့အထိ လာအိုနိုင်ငံ လွန်ပရာဘန် (Luang Prabang) မြို့ ၌ ကျင်းပသော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး အား မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။[] သူသည် ၂၀၂၁ နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်က နှစ်နှစ်ကျော်သပိတ်မှောက်ထားသည့် အာဆီယံအစည်းအဝေးသို့ ပထမဦးဆုံး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခံရသူအဖြစ်လည်း မှတ်တမ်းဝင်သွားသည်။[]

Remove ads

သံအမတ်ကြီးဘဝ

၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[]သူ သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကိုလံဘိုမြို့ရှိ သမ္မတအိမ်တော်၌ သီရိလင်္ကာသမ္မတ မစ္စတာရာနေးလ်ဝစ်ခ်ရီမီဆင်းဟီ ထံသို့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး သံအမတ်ကြီး ဘဝကို တရားဝင် စတင်သည်။[]

Remove ads

ဂုဏ်ပြုခံရခြင်း

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) အား အပ်နှင်းချီးမြှင့်ခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads