မူလသက်ရှိ
From Wikipedia, the free encyclopedia
Remove ads
မူလသက်ရှိ သို့မဟုတ် ပရိုတိစ်တ်(အင်္ဂလိပ်: Protist)သည် သတ္တဝါလည်း မဟုတ်၊ အပင်လည်း မဟုတ်၊ မှိုလည်း မဟုတ်သော နျူကလိယပါ သက်ရှိကို ဆိုလိုသည်။ ပရိုတိစ်တ် မျိုးစိတ်ပေါင်း ၆၀,၀၀၀ ခန့် ရှိသည်။ ၎င်းတို့သည် ယူကာရီယာ နယ်ပယ်အတွင်း အပေါများဆုံး သက်ရှိများ ဖြစ်ကြသည်။ ပရိုတိစ်တာလောကတွင် ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားသော ပရိုတိစ်တ်များနှင့် အုပ်စုဖွဲ့တည်ရှိသော ပရိုတိစ်တ်များ ပါဝင်သည်။[၁]
Remove ads
ဝိသေသလက္ခဏာများ
- မူလသက်ရှိများသည် ရေထဲတွင် ရှင်သန်ကြပြီး အချို့မျိုးစိတ်များသည် စိုစွတ်သော နေရာများတွင် ရှင်သန်ကြသည်။ အချို့သည် လူ၏ အစာအိမ်ထဲမှာပင် ရှင်သန်နိုင်ကြသည်။
- နျူကလိယနှင့် အခြားအင်္ဂါငယ်များ ပါရှိသည်။
- ကြာပွတ်မွှေး၊ ယက်မွှေးနု၊ ခြေတုများဖြင့် ရွေ့လျားကြသည်။
- ကျုံ့နိုင်ဆန့်နိုင်သော ဆဲလ်ရေကွက်သည် ပိုလျှံသော ရေကို ဆဲလ်မှ ဖယ်ရှားပေးသည်။
- သိမ်ပြတ်ခြင်း၊ အဖူးထွက်ခြင်း၊ အပိုင်းပိုင်းပြတ်ထွက်ခြင်းစသည့် လိင်မဲ့မျိုးပွားခြင်းနည်းများဖြင့် မျိုးပွားကြသည်။
- ၎င်းတို့၏ ဝိသေသလက္ခဏာများပေါ် မူတည်၍ ရှေးဦးသက်ရှိများအား အုပ်စု (၃)စု ခွဲခြားထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads