မေဇွန်

From Wikipedia, the free encyclopedia

Remove ads

ကွာ့ခ်တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အမှုန်များမှာ ဟဒ်ရွန်(hadron)များ ဖြစ်ပြီး၊ ၎င်း ဟဒ်ဒြွန်များအနက် စုံကိန်းရှိသော ကွာ့ခ်အရေအတွက်ဖြင့် ဖွဲ့စည်းထားသည်တို့မှာ မေဇွန်(meson)များ ဖြစ်လျက် ဘိုဇွန်သဘော ဆန်ကြသည်၊ သက်ရောက်မှုကို ကိုယ်စားပြုဖော်ဆောင်သော အက်တမ်တွင်း အမှုန်များ ဖြစ်ကြသည်။

ဖွဲ့စည်းပုံ

နျူကလီးယား အပြင်းစက်က အရေအတွက်ချင်းတူသော ကွာ့ခ်(quark) နှင့် ဓာတ်ခြားကွာ့ခ်(antiquark) တို့ကို စုစည်းပေးလိုက်လျှင် မေဇွန် ဖြစ်ပေါ်သည်။ မေဇွန်တွင် ထိုသို့ အရေအတွက် တူရမည် ဖြစ်သဖြင့် ကွာ့ခ် တစ်ခု ပါလျှင် ဆန့်ကျင်ဘက် ဓာတ်ခြားကွာ့ခ် တစ်ခု ညီမျှစွာ ပါရှိရမည်၊ ထိုအခါ နျူကလီယွန်တို့ကို အက်တမ် ဗဟိုဆံ အဖြစ် စုစည်းပေးနေသော ပိုင်ယွန်အမှုန်မှာ မေဇွန်၏ ဥပမာတစ်ခု ဖြစ်သည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads