လောက (ဇီဝဗေဒ)

From Wikipedia, the free encyclopedia

လောက (ဇီဝဗေဒ)
Remove ads

ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့်၊ ‌‌လောက (သို့မဟုတ် ရောမှားမှု ပိုနည်းစေမည့် ဇီဝဗေဒအသုံးအနှုန်း အဖြစ်) မျိုးဘုံ (အင်္ဂလိပ်: Kingdom) သည် — နယ်ပယ် (ခေါ်) မျိုးဘုံစု တခုခုအတွင်းရှိ ပိုမိုဆင်တူရာ မျိုးပေါင်းစု(မျိုးအုံ) များကို ခြုံငုံကာ ခေါင်းစဉ်လိုက်ပေးထားခြင်း ဖြစ်၏။

Thumb
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ နယ်ပယ် (domain) တစ်ခု၏အောက်တွင် လောက (kingdom) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။
Remove ads

အမျိုးစာရင်း သတ်မှတ်ထားကြပုံများ

အမေရိကန်ပြည်ထောင်စု၏ ပြဋ္ဌာန်းစာအုပ်များတွင် မျိုးဘုံကြီး ၆ ခု (the 6 Kingdoms) အဖြစ်

  1. သတ္တဝါ မျိုးဘုံ (Kingdom of Animals)
  2. အပင် မျိုးဘုံ (Kingdom of Plants)
  3. မှို မျိုးဘုံ (Kingdom of Fungi)
  4. ပရိုတစ်တာIပရိုးတစ်စ် မျိုးဘုံ
  5. အာခီးယား မျိုးဘုံ
  6. ဘတ္တီးရီးယား မျိုးဘုံ

ဗြိတိန်ဩစတြေးလျလက်တင်အမေရိက နှင့် အိန္ဒိယ စသည့် နိုင်ငံအချို့တွင်မူ မျိုးဘုံကြီး ၅ ခု အဖြစ်

  1. သတ္တဝါ
  2. အပင်
  3. မှို
  4. ပရိုတစ်တာ
  5. မိုနီရာ တို့ကို စာရင်းပြုကြသည်။

ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်း(cladistics)ကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်'လောက' ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။

Thumb
ဇီဝမျိုးရိုးခွဲခြားခြင်း အဓိကအဆင့်များ - နယ်ပယ်(Domain)၊ လောက(kingdom)၊ မျိုးပေါင်းစု(phylum)၊ မျိုးပေါင်း(class)၊ မျိုးစဉ်(order)၊ မျိုးရင်း(family)၊ မျိုးစု(genus)၊ မျိုးစိတ်(species)။ ပုံတွင်နမူနာအနေဖြင့် မြေခွေးနီဇီဝမျိုးရိုးခွဲပုံအဆင့်များကို ယှဉ်ကြည့်နိုင်ရန်ပြထားသည်။
Remove ads

သမိုင်း

အကျဉ်းချုပ်

နောက်ထပ် အချက်အလက်များ လင်းနိယ, ဟက်ကဲလ် ...

ဇီဝဗေဒ လောက (Kingdom) အဆင့်ကို သက်ရှိရုပ်စု (organisms) များအား အုပ်စုဖွဲ့ရာ၌ အသုံးဝင်သောနည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေဆဲသော်လည် သဘောထားကွဲလွဲမှု ပြဿနာအချို့ရှိဆဲဖြစ်သည်။ အဆိုပါ ပြဿနာတို့မှာ -

  • Protozoa ကဲ့သို့သော လောကအဆင့်ကို ဇီဝဗေဒကလိတ်ဒ် (clade)အဖြစ် ယူမည့်အစား ဇီဝဗေဒဂရိတ်(grade)အဖြစ် ကိုယ်စားပြု ဖော်ပြကြသဖြင့် phylogenetic classification စနစ်များမှ လက်မခံပါ။
  • ယူကဲရီးယုတ်စ် (eukaryotes) ကို လတ်တလောသုတေသနများ၏ တွေ့ရှိချက်များအပေါ် မူတည်လျှင် မည်သည့် လက်ရှိ မျိုးရိုးခွဲခြားခြင်းစနစ်များအရ အုပ်စုခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သေးပါ။ ၂၀၁၀-ခုနှစ် ဧပြီလအထိ သိရှိချက်များအရ မည်သည့် လောက (Kingdom) အဆင့် အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုရရှိရန် လုံလောက်သော သုတေသန အထောက်အထားများ မရှိသေးပါ။ ၂၀၀၉-ခုနှစ်တွင် Andrew Roger နှင့် Alastair Simpson တို့က ရှာဖွေတွေ့ရှိမှုအသစ်များကို ဆန်းစစ်ရာတွင် ဂရုတစိုက်နှင့် လုံ့လဝီရိယအထူးရှိရန် လိုအပ်ကြောင်းကို "ယူကဲရီးယုတ် (eukaryote) သက်ရှိအုပ်စုလမ်းကြောင်း (tree of life)နှင့် ပတ်သက်သော ကျွန်ုပ်တို့၏ လက်ရှိနားလည်မှုမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှုကြောင့် သတိအထူးထားကာ ဆက်လက်လုပ်ဆောင်သင့်သည်။"ဟု အလေးပေး ပြောကြားခဲ့သည်။[]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads