မျိုးသန့်ဖေ

မြန်မာသံအမတ်ကြီး From Wikipedia, the free encyclopedia

Remove ads

ဦးမျိုးသန့်ဖေ(၁၉၆၃-၂၀၂၂) သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်ကွယ်လွန်ခဲ့သူဖြစ်သည်။[]

အချက်တိုများ H.E. မျိုးသန့်ဖေ, တရုတ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ...
Remove ads

ဝန်ထမ်းဘဝ

ဦးမျိုးသန့်ဖေသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ရင်း ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။[]ယင်းနောက် တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း၊မြောက်ကိုရီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်များ အသီးသီးပေးအပ်ခံရသည်။[]

သံအမတ်ကြီးဘဝ

ဦးမျိုးသန့်ဖေသည် ၂၀၁၉ ဩဂုတ် ၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ တာဝန်ပေးအပ်ခြင်းကို ခံရသည်။[] ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင် ထံ သံအမတ်ခန့်အပ်လွှာပေးကာ တရားဝင်တာဝန်ထမ်းဆောင်သည်။[]၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သံအမတ်ကြီးတာဝန်အပြင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်းကို ပူးတွဲခန့်အပ်သည်။

Remove ads

ဘဝနိဂုံး

၂၀၂၂ ဩဂုတ် ၇ ရက် ဒေသစံတော်ချိန် ၁၂နာရီခွဲအချိန်တွင် နှလုံးရောဂါဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။[] ၎င်းသည် ထိုရက်မတိုင်ခင် ဩဂုတ်လ ၆ရက်က ယူနန်ပြည်နယ်မှ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်။ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်သယ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၂ရက်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဂူသွင်းသင်္ဂြိုဟ်သည်။

ပုဂ္ဂိုလ်ရေးဘဝ

၁၉၆၃ ခုနှစ်တွင် အဖဦးစိန်ဖေ၊အမိဒေါ်တင်တင်နွယ် တို့က ရန်ကုန်မြို့အင်းစိန်မြို့နယ် တွင် မွေးဖွားခဲ့သည်။မွေးချင်း(၅)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads