သစ်လင်းအုန်း
မြန်မာသံအမတ်ကြီး From Wikipedia, the free encyclopedia
Remove ads
ဦးသစ်လင်းအုန်း(၁၉၆၂ ဖွား) သည် မြန်မာသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၃] [၄] သူသည် စစ်မှုထမ်းအဖြစ်မှ သံအမတ်ကြီး အဖြစ်သို့ ကူးပြောင်းလာသူ ဖြစ်သည်။ ယင်းမတိုင်မီက သူသည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် နောက်ဆုံး တာဝန်ထမ်းသည်။
Remove ads
တပ်မတော်သားဘဝ
သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၂၅) ဆင်း ဖြစ်သည်။တပ်မတော် တွင် နှစ် ၃၀ နီးပါး စစ်မှုထမ်းသည်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် မှ အငြိမ်းယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ကူးပြောင်းလာသည်။
သံအမတ်ကြီးဘဝ
သူ့ကို သမ္မတဦးသိန်းစိန် က ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်သည်။ ၂၀၁၄ခုနှစ် မေလ ၂၄ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ အထိ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၅] [၆]
ယင်းနောက် သူသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့သည်။သမ္မတဦးဝင်းမြင့်က ထိုတာဝန်ကို အပ်နှင်းသည်။ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး သံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၇]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[၈][၉]
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်သည် ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။[၁၀]
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။ [၁၁]
ထင်ရှားဖြစ်ရပ်
၂၀၁၅ကိုးကန့်တိုက်ပွဲ အတွင်း တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲကာ ၄ဦးသေ၊၉ ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သံတမန်အရ ဖြေရှင်းပေးခဲ့ရသည်။ [၁၂] [၁၃]
Remove ads
ရရှိခဲ့သော ဘွဲ့ထူး
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၁၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads