မြစ်သားမြို့နယ်

From Wikipedia, the free encyclopedia

မြစ်သားမြို့နယ်
Remove ads

မြစ်သားမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြစ်သားမြို့ ဖြစ်သည်။ မြစ်သားမြို့နယ်တွင် ရပ်ကွက်ပေါင်း ၆ ခုနှင့် ကျေးရွာပေါင်း ၂၂၇ ခုပါဝင်သည်။

အချက်တိုများ မြစ်သားမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မြစ်သားမြို့နယ်၏ အမည်ကို ပုဂံခေတ်၊ အနော်ရထာမင်းက သမုတ်ခဲ့သည်။ ထိုနေရာတွင် အနော်ရထာမင်းမတိုင်မီကပင် နေထိုင်ခဲ့ကြပြီး လယ်တွင်း ၁၁ခရိုင်ဟု ခေါ်ခဲ့ကြသည်။

ပုဂံခေတ်မင်းများလက်ထက်တွင် ဤဒေသကို မ္လစ်သာဟု ခေါ်ဝေါ်ခဲ့ကြသည်။ တငြိမ့်ငြိမ့်စီးနေသော ပန်းလောင်မြစ်ကမ်းကို မှီ၍တည်ထားသဖြင့် သာယာသည့်မြို့ဆိပ်ကမ်းအနေဖြင့် ရည်ညွှန်းခဲ့ကြသည်။ အနော်ရထာမင်းသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကိုအခြေခံ၍ ဆည်များတည်ဆောက်ပြီး လယ်ယာ၈သိန်းပြုစုခဲ့ရာ ပန်းလောင်မြစ်တွင်နောက်ဆုံးတည်ဆောက်ခဲ့သော ကျီးမည်းဆည်တည်ဆောက်မည့်နေရာကို လက်ဆန့်တန်းညွှန်ပြ၍ မြစ်ကိုသားပြသည်ကိုအစွဲပြုကာ မြစ်သားဟုအမည်တွင်ခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၀၉မိနစ်နှင့် ၂၁ဒီဂရီ ၃၃မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၆မိနစ်နှင့် ၉၆ဒီဂရီ ၂၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၂၀၊ တောင်မှမြောက်သို့ ၁၇.၅မိုင်ရှိပြီး ၃၄၂.၆၃စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

မြစ်သားမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်၊အနောက်တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊နွားထိုးကြီးမြို့နယ်အနောက်မြောက်ဘက်တွင် တံတားဦးမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် အနိမ့်ဆုံး၃၀၅ပေ၊ အမြင့်ဆုံး ၃၅၉၀ပေအထက်တွင်တည်ရှိကာ ပြန့်ပြူးသောမြေမျက်နှာပြင်ဖြစ်သည်။ မြို့နယ်အတွင်းတွင် ပန်းလောင်မြစ်က အရှေ့မှအနောက်၊ စမုံမြစ်သည် တောင်မှမြောက်သို့ စီးဆင်းနေသည်။

Remove ads

လူဦးရေ

မြစ်သားမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်းနှင့်ချင်း လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၀၀၆%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[]

စီးပွားရေး

မြစ်သားမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သောမြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ အဓိကအားဖြင့် စပါး၊ငရုတ်၊ကြက်သွန်၊ကုလားပဲများဖြစ်ကာ ရန်ကုန်နှင့်မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချသည်။ တပ်မတော် ဝါကြိတ်စက်ရုံ၊အမှတ်(၇) အထည်စက်ရုံ၊ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့တည်ရှိသည်။ အိမ်တွင်းစက်မှုလုပ်ငန်း ၁၅ခုကျော်ရှိသည်။[]

ဈေးများ

  • မြစ်သားဈေး
  • ကူမဲဈေး
  • ရေဝန်းဈေး
  • သပြေတောင်းဈေး
Remove ads

ပို့ဆောင်ဆက်သွယ်ရေး

ရန်ကုန်-မန္တလေး ရထားလမ်းသည် ၁၄မိုင်ခန့်ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေးလမ်းသည်လည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။

ပညာရေး

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက မြစ်သား
  • အထက (Myoma)
  • အထက ကူမဲ
  • အထက ဒါးရဲကောင်း
  • အထက ရွာခိုင်ကြီး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) လမ်းခွ
  • အလက (ထ(ခွဲ)) သာလွန်
  • အလက (ထ(ခွဲ)) သစ်တက္ကုန်း
  • အလက (ထ(ခွဲ)) သပြေတော
  • အလက (ထ(ခွဲ)) မိုင်းမော
  • အလက (ထ(ခွဲ)) နွားရှာရိုး
  • အလက (ထ(ခွဲ)) ကျောက်ဆောက်
  • အလက ရစ်ကန်
  • အလက ပျော်ရွာ
  • အလက (ထ(ခွဲ))မင်းဝန်
  • အလက လွန်ကျော်
  • အလက မင်းလယ်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ)၊မူလတန်း (ခွဲ) ၁၆၄ကျောင်းရှိသည်။

Remove ads

ကျန်းမာရေး

ဆေးရုံများ

  • မြစ်သား
  • ကူမဲ
  • မိုင်းမော
  • ရွာခိုင်ကြီး
  • မင်းဝန်

ထင်ရှားသောနေရာများ

မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံ၏ အလယ်ဗဟိုဖြစ်သော ပြက္ခရွေတောင်တည်ရှိသည်။ ထို့အပြင် ပင်လယ်(မိုင်းမော) မြို့ဟောင်း မြို့ရိုးဧရိယာလည်း တည်ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads