မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေ

From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ဟူ၍ နိုင်ငံသား အမျိုးအစား ၃ မျိုးကို အသိအမှတ်ပြုထားသည်။[][] ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ခဲ့သည့် နိုင်ငံသားများဆိုသည်မှာ "ဌာနေတိုင်းရင်းသား" နှင့် အဘိုးအဘွား "ဌာနေတိုင်းရင်းသား" မှ မွေးဖွားခဲ့သူများ သို့မဟုတ် ၁၉၄၂ ခုနှစ်မတိုင်မီ ဗြိတိသျှဘားမားတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။[][]

၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ အရ မြန်မာနိုင်ငံသားများအနေဖြင့် အမျိုးသားမှတ်ပုံတင် ကတ်ပြား (National Registration Card) ရရှိရန် လိုအပ်ပြီး နိုင်ငံသား မဟုတ်သူများကို နိုင်ငံခြားသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးသည်။[] ၁၉၈၉ ခုနှစ်တွင် အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုရန်အတွက် အမျိုးသားမှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များ (citizenship scrutiny card) ဖြင့် အစားထိုးရန်အတွက် တစ်နိုင်ငံလုံး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။[]

မြန်မာနိုင်ငံ၏ နိုင်ငံသားစနစ်တွင် သုံးမျိုးခွဲခြားထားသည်။ မြန်မာနိုင်ငံသားများ၏ ရပိုင်ခွင့်များသည် ၎င်းတို့နှင့် သက်ဆိုင်သည့် အမျိုးအစားပေါ် မူတည်ပြီး ဘိုးဘွားများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် အမျိုးအစားကို မည်သို့ရယူခဲ့သည်ကို အခြေခံ၍ ကွဲပြားသည်။

  • "နိုင်ငံသား" ဆိုသည်မှာ ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော သို့မဟုတ် မွေးဖွားချိန်တွင် နိုင်ငံသားဖြစ်ခဲ့သည့် မိဘများမှ မွေးဖွားလာသူများဖြစ်သည်။
  • "ဧည့်နိုင်ငံသား" သည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေဖြင့် နိုင်ငံသားဖြစ်ခွင့် ရရှိသူများဖြစ်သည်။
  • "နိုင်ငံသားပြုခွင့်ရသူ" သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ပြီး ၁၉၈၂ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများဖြစ်သည်။
Remove ads

စာရွက်စာတမ်းများ

မြန်မာ အစိုးရသည် မြန်မာနိုင်ငံသားများနှင့် နေထိုင်သူများအားအတွက် သက်သေခံကတ်ပြား ပုံစံများစွာ ထုတ်ပေးထားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ

အချက်တိုများ

နိုင်ငံသားစိစစ်ရေးကတ်ပြား (အင်္ဂလိပ်:  Citizenship scrutiny cards) ကို မြန်မာနိုင်ငံသားအဖြစ် သက်သေခံရန်အတွက် ထုတ်ပေးသည်။[] နိုင်ငံသားများသည် အသက် ၁၀ နှစ်ပြည့်ပြီးပါက နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိရန် အရည်အချင်းပြည့်မီသည်။[] ကတ်များကို စက္ကူဖြင့် ထုတ်ပေးပြီး လက်ရေး ရေးသားထားကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး သို့မဟုတ် ရပ်ကွက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှ ထုတ်ပေးသည်။[] နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် အောက်ပါအချက်အလက်များ ပါဝင်သည်။[]

  • မျက်နှာစာဖက်ခြမ်း
    • အမည် - မြန်မာဘာသာဖြင့်
    • ဓာတ်ပုံ
    • သက်သေခံကတ်ပြားအမှတ် - #/XXX(ရှေ့ဆက်)###### ပုံစံဖြင့် ရေးသားသည်
      • ပထမစာလုံးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုသော ၁ မှ ၁၄ အထိ ဖြစ်သည်။
      • ဒုတိယစာတွဲသည် ကိုင်ဆောင်သူ၏ မြို့နယ် ကိုယ်စားပြု အက္ခရာသုံးလုံး ဖြစ်သည်။
      • တတိယစာတွဲသည် နိုင်ငံသားအမျိုးအစားများဖြစ်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ၏ ရှေ့ဆက်စာလုံး နိုင်၊ ဧည့်၊ ပြု ဖြစ်သည်။
      • စတုတ္ထစာတွဲမှာ ဂဏန်းခြောက်လုံးပါဝင်သော အမှတ်စဉ်နံပါတ်များ ဖြစ်သည်။
    • ထုတ်ပေးသည့် ရက်စွဲ
    • ဖခင် အမည်
    • မွေးသက္ကရာဇ်
    • လူမျိုး
    • ဘာသာ
    • အရပ်အမြင့်
    • သွေးအုပ်စု
    • ထုတ်ပေးသူ၏ လက်မှတ်နှင့် ရာထူး
    • ထင်ရှားသည့် အမှတ်အသား
  • နောက်ကျောဖက်ခြမ်း
    • လက်ဗွေပုံစံ
    • အလုပ်အကိုင်
    • နေရပ်လိပ်စာ
    • ကိုင်ဆောင်သူ၏ ထိုးမြဲလက်မှတ်
နောက်ထပ် အချက်အလက်များ နိုင်ငံသား အမျိုးအစား, အတိုကောက် ...

အခြားစာရွက်စာတမ်း အမျိုးအစားများ

အစိုးရက သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများ (national registration cards, NRC) ကိုလည်း ထုတ်ပေးထားသည်။[]တရုတ်၊ အိန္ဒိယနှင့် ရိုဟင်ဂျာနွယ်ဖွားများ အပါအဝင် နိုင်ငံသားမဟုတ်သူများအတွက် သက်သေခံနှင့် နေထိုင်ကြောင်း အထောက်အထားအဖြစ် ယာယီမှတ်ပုံတင်/သက်သေခံလက်မှတ်များကို ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ပေးခဲ့သည်။[] ၎င်းတို့ကို နိုင်ငံသားစိစစ်ရန်အတွက် စိမ်းပြာရောင် အထောက်အထားကတ်ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အစားထိုးခဲ့သည်။[] နိုင်ငံတွင်းနေထိုင်သည့် နိုင်ငံခြားသားများအား နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်များကို တစ်နှစ်သက်တမ်းဖြင့် ထုတ်ပေးသည်။[]

မွေးဖွားကြောင်းလက်မှတ်များ (မွေးစာရင်း၊ အရှင်မွေးလက်မှတ်) ကို မြို့နယ်ကျန်းမာရေးအရာရှိများမှတဆင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသည်။[] မိသားစု၏ အိမ်ထောင်စုစာရင်းတွင် ကလေးအား ဖြည့်စွက်ရန်၊ မူလတန်းကျောင်းအပ်ရန်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် မွေးဖွားကြောင်းလက်မှတ်ကို အသုံးပြုသည်။[]

Remove ads

နှစ်ဖက်နိုင်ငံသား

နိုင်ငံသားနှစ်မျိုး ဖြစ်ခွင့်ကို မြန်မာနိုင်ငံတွင် အသိအမှတ်မပြုထားပါ။

မြန်မာနိုင်ငံသားပြုမှု

၁၉၄၈ ခုနှစ်ကတည်းက နိုင်ငံတွင်း နေထိုင်လာခဲ့သော နိုင်ငံခြားသားများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်သည်။[]

ရိုဟင်ဂျာများအား နိုင်ငံသား ငြင်းပယ်ခြင်း

မြန်မာဥပဒေသည် ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် တစ်ခုအဖြစ် မသတ်မှတ်ထားသောကြောင့်[] အများစုကို မြန်မာနိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားသည်။[] မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးများသည် "ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ" ဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယင်းထုတ်ပြန်ချက်ကို အသိအမှတ်မပြုသောကြောင့် ရိုဟင်ဂျာများကို နိုင်ငံမဲ့များ ဖြစ်စေခဲ့သည်။

Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads