မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်

From Wikipedia, the free encyclopedia

မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
Remove ads

မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် (အင်္ဂလိပ်: Myanmar Paralympic Sports Federation) သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လက်အောက်ရှိ မသန်စွမ်းသူများဆိုင်ရာ အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့ အမျိုးသား ပါရာလမ်းပစ်ကော်မတီ မထားရှိပဲ အားကစားအဖွဲ့ချုပ်သာထားရှိပြီး အိုလံပစ်ကော်မတီ၏ လက်အောက်တွင် ထားရှိသည်။[]မြန်မာနိုင်ငံ ပါရာလမ်းပစ်ကော်မတီကိုမူ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်။[]

အချက်တိုများ နိုင်ငံ/ဒေသ, ကုဒ် ...

မသန်သော်လည်း စွမ်းသည် ဟူသော စကားရပ်နှင့်အညီ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အားကစားအဖွဲ့ချုပ်သည် ယခင်က ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် တည်ရှိသည်။ ​နောက်ပိုင်းတွင် ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ် သို့​ပြောင်း​ရွှေ့ခဲ့သည်။[]

Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်လက်ကြံ့ခိုင်စေရန်အတွက် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ကို ၁၉၈၉ခုနှစ်တွင် အားကစားဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပွဲကို ၁၉၉၀ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည်။[] ၂၀၀၁ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် တည်​ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ကာ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများကို အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[] ၂၀၁၄ခုနှစ်တွင် မသန်စွမ်းသူများအတွက် စခန်းသွင်းအားကစားလေ့ကျင့်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အားကစားစခန်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ခုနှစ်တွင် (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။

Remove ads

ဥက္ကဋ္ဌများ

  • ဗိုလ်မှူးကြီး မျိုး​ဆွေ (၁၉၈၉ - ၁၉၉၀)
  • ဒုတိယဗိုလ်မှူးကြီး သိန်းဟန် (၁၉၉၀ - ၁၉၉၅)
  • ဗိုလ်မှူးကြီး သိုက်ထွန်း (၁၉၉၅ - ၁၉၉၈)
  • ဗိုလ်မှူးကြီး ​အောင်နိုင် (၁၉၉၈ - ၁၉၉၉)
  • ဒုတိယဗိုလ်မှူးကြီး ဝင်း​မောင် (၁၉၉၉-၂၀၀၀)
  • ​ဗိုလ်ချုပ် ​အောင်သိန်း (၂၀၀၀ - ၂၀၀၄)
  • ဒုတိယဗိုလ်မှူးကြီး ​အောင်ကြီး (၂၀၀၄ - ၂၀၀၅)
  • ဗိုလ်မှူးကြီး ​ဌေးနိုင် (၂၀၀၅ - ၂၀၁၀)
  • ဗိုလ်ချုပ် ​နေလင်း (၂၀၁၀ - ၂၀၁၄)
  • ဗိုလ်ချုပ် စိုးဝင်း (၂၀၁၄ - ၂၀၁၈)
  • ဗိုလ်ချုပ် ဝင်းလွင် (၂၀၁၈ - ၂၀၁၉)
  • ဗိုလ်ချုပ် ထိန်လင်း (၂၀၂၀ - ၂၀၂၂)
  • ဗိုလ်ချုပ် လှမိုး (၂၀၂၂ - လက်ရှိ)
Remove ads

အောင်မြင်မှုများ

မြန်မာနိုင်ငံ မသန်စွမ်းအားကစားသမားများအနေဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပွဲတော်များတွင်ပါ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။[]အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအာရှမသန်စွမ်းအားကစားပြိုင်ပွဲမသန်စွမ်းအိုလံပစ်ပြိုင်ပွဲများတွင်ပါ ဆုတံဆိပ်များ ရရှိခဲ့သည်။[][]၂၀၁၈ခုနှစ်အထိ နိုင်ငံတကာအားကစားပွဲများမှ ဆုတံဆိပ် (၇၈၆)ခု ရရှိထားသည်။[][၁၀]

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ (ပါရာလမ်းပစ်)

နောက်ထပ် အချက်အလက်များ ပွဲ​တော်, စုစု​ပေါင်း ...

အာရှမသန်စွမ်းအားကစားပြိုင်ပွဲ

အောက်ပါစာရင်းမှာ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအပြင် ထိုပြိုင်ပွဲ၏ ယခင်အမည်ဖြစ်သော အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC Games) တွင် ယှဉ်ပြိုင်ခဲ့မှုများပါ ပါဝင်သည်။

နောက်ထပ် အချက်အလက်များ ပွဲ​တော်, စုစု​ပေါင်း ...

အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲ

နောက်ထပ် အချက်အလက်များ ပွဲ​တော်, စုစု​ပေါင်း ...

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

နောက်ထပ် အချက်အလက်များ ပွဲ​တော်, စုစု​ပေါင်း ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads