မြသိန်း
From Wikipedia, the free encyclopedia
Remove ads
ဦးမြသိန်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယမြောက် ခုံရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁] ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရွေးချယ်ခဲ့သော အဖွဲ့ဝင် (၃) ဦးတွင် ပါဝင်ပြီး နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ [၂][၃]၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သက်တမ်းပြည့်မြောက်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။
ဦးမြသိန်းသည် တာဝန်များမှ အနားယူပြီးသည့်နောက် ၂၀၁၈ခုနှစ် တွင် သမ္မတဦးဝင်းမြင့် ဖွဲ့စည်းပေးခဲ့သော ရခိုင်ပြည်နယ် အရေးကိစ္စ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ [၄]
Remove ads
ဝန်ထမ်းဘဝ
သူသည် ရန်ကုန်တက္ကသိုလ်မှ နေ၍ B.A.(Law);LL.B.; LL.M အစရှိသည့် ဘွဲ့များ ရရှိခဲ့သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။[၅][၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads