ယူအက်စ် အိုးပင်း

From Wikipedia, the free encyclopedia

ယူအက်စ် အိုးပင်း
Remove ads

ယူအက်စ် အိုးပင်း (US Open, formally the United States Open Tennis Championships) သည် ၁၉၈၇ ခုနှစ်မှစ၍ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲကြီး ၄ ခုအနက် နှစ်တစ်နှစ်အတွင်း အချိန်ဇယားအရ နောက်ဆုံးကျင်းပသည့် တင်းနစ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း နှစ်ပတ်ကြာသည်။ အမေရိကန် အမျိုးသားအဆင့် ယောက်ျားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲကို ၁၈၈၁ ခုနှစ်တွင် စတင်ခဲ့သည်။

အချက်တိုများ US Open, တရားဝင်ဝက်ဘ်ဆိုဒ် ...

အဓိက ပြိုင်ပွဲများတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ဦးစီ၊ အမျိုးသမီးနှစ်ဦးစီ၊ အမျိုးသားနှင့် အမျိုးသမီး ဒပ်ဘယ် (double) စသည်ဖြင့် ၅ မျိုးခွဲထားသည်။ ထို့အပြင် လူကြီးပိုင်း၊ လူငယ်ပိုင်းနှင့် ဘီးတပ်ကုလားထိုင်စီး အားကစားသမားများအတွက် ပြိုင်ပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads