ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ

မြန်မာနိုင်ငံရေးပါတီ From Wikipedia, the free encyclopedia

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
Remove ads

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်၍ မေလ ၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ကို ယခုလ ၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရရှိခဲ့သည်။ ပါတီတွင် ဥက္ကဋ္ဌ တဦး၊ ဒု ဥက္ကဋ္ဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရေးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုးတို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပါတီရုံးချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိကာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ဝင်ပြိုင်ရန် ရည်ရွယ်သော်လည်း ရခိုင်လူမျိုး အများစုရှိသော ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိကထား ယှဉ်ပြိုင်ခဲ့သည်။

အချက်တိုများ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ, အင်္ဂလိပ် အမည် ...

၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[][][][][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads