ရိဒ်ခေါဒါရ်မြို့
From Wikipedia, the free encyclopedia
Remove ads
ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိသည်။ ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသော်လည်း တစ်နှစ်လျှင် ခြောက်လကျော်သာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်သော လမ်းမပေါ်တွင်တည်ရှိနေခြင်းကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုကို ဖော်ပြနေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် တည်ရှိသည်။
ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့အား ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads