ရဲရွာ တာတမံ

From Wikipedia, the free encyclopedia

ရဲရွာ တာတမံmap
Remove ads

ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်ကာ[] လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြီးမားဆုံးစက်တပ်ဆင်အားရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်သည်။ စက်ရုံမှထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကီလိုဗို့ (230 kV) နှစ်ထပ်ဓာတ်အားလိုင်းများဖြင့် ဘယ်လင်း ၂၃၀ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ (၂)လိုင်း၊ သပြေဝ ၂၃၀ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ (၂)လိုင်း စုစုပေါင်း (၄)လိုင်း ပို့ဆောင်လျက်ရှိသည်။ ထိုခွဲရုံများမှတဆင့် နိုင်ငံတော်မဟာဓာတ်အားလိုင်းသို့ ပေးပို့ကာ ပြည်သူများထံ ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိသည်။[]

အချက်တိုများ ရဲရွာ တာတမံ, တည်နေရာ ...
Thumb
ရဲရွာ ရေအား လျှပ်စစ်စက်ရုံ အတွင်းပိုင်း

ဒီဇိုင်းပိုင်းအရ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း (၃,၅၅၀)ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ရှမ်းပြည်နယ်နမ့်ခမ်းမြို့နယ်ရှိ ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံပြီးနောက် မြန်မာနိုင်ငံ၏ ဒီဇိုင်းပိုင်းအရ တစ်နှစ်ထုတ်လုပ်​ပေးနိုင်မှု ဒုတိယမြောက် အများဆုံးစက်ရုံဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်ပြီးစီးသော RCC တမံအမျိုးအစားဖြစ်သည်။ ယခုအခါတွင် မြစ်ငယ်မြစ်အပေါ်တွင် ရဲရွာစက်ရုံအထက် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၌ အထက်ရဲရွာစီမံကိန်း၊ ၎င်းတို့နှစ်ခုကြား ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ အလယ်ရဲရွာစီမံကိန်း၊ ရဲရွာစီမံကိန်း၏အောက်ဘက်၌ ဒီးဒုတ်စီမံကိန်းတို့ကို ဖော်ဆောင်နေသည်။[]

Remove ads

သမိုင်း​​ကြောင်း

စတင်မှု

ဤစီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကျော် ကုန်ကျပြီး တရုတ်နိုင်ငံ၏ ချေးငွေ သန်း ၂ဝဝ ပါဝင်ကာ ကျန် သန်း ၄ဝဝကျော်ကို နိုင်ငံပိုင် ငွေဖြင့် တည်ဆောက် နေခြင်း ဖြစ်သည်။[]

မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် China International Trust & Investment Co. (CITIC) နှင့် Sinohydro Corporation စသည့် တရုတ်ကုမ္ပဏီများအကြား ၂ဝဝ၄ ခုနှစ်၌ ယင်း စီမံကိန်းအတွက် စာချုပ် ချုပ်ဆိုပြီး နောက် ပိုင်းတွင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)၊ တရုတ်နိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ် [Export-Import Bank of China (China Exim Bank)]၊ တရုတ်နိုင်ငံ ဂီဇောင်ဘားအုပ်စု ကုမ္ပဏီ [China Gezhouba Group Co. (CGGC)]၊ တရုတ် အမျိုးသား လျှပ်စစ်ပစ္စည်းများ ကုမ္ပဏီ (China National Electric Equipment Co.)၊ ဟူနန် ဆာဗိုး ပြည်ပ ရေနှင့် လျှပ်စစ် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီ (Hunan Savoo Overseas Water & Electric Engineering Co.)၊ တရုတ်နိုင်ငံ အမျိုးသား စက်ယန္တယားကြီးများ ကော်ပိုရေးရှင်း (China National Heavy Machinery Corporation) တို့နှင့် ထပ်မံ ပူးပေါင်း ခဲ့သည်။[]

စီမံကိန်း စတင်နိုင်ရေး အတွက် ၂ဝဝဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ ဒီဇိုင်း ရေးဆွဲ တင်သွင်းခဲ့ပြီး အသေးစိတ် ဒီဇိုင်း ထုတ်လုပ်ခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန် နိုင်ငံ Colenco Power Engineering ကုမ္ပဏီနှင့် ၂ဝဝ၃ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးသည့် ကြီးမားသော တာဘိုင်စက်ကြီး(၄)လုံး တပ်ဆင်ထားသည်။ ပင်မတမံတည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ Switch yard လုပ်ငန်းနှင့် ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ရှိသည်။ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရေယူအဆောက်အအုံလေးခု၊ ရေပိုလွှဲနှင့် တစ်လုံးလျှင် စက်တပ်ဆင် အင်အား (၁၉၇ ဒသမ ၅)မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ လေး လုံး တပ်ဆင်ထားသဖြင့် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် (၇၉ဝ)ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ကွန်ရက်စနစ်သို့ ဖြည့်ဆည်း ဖြန့်ဖြူးပေးသည်။

ဆောင်ရွက်မှု

ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းကို ၂၀၀၁-၂၀၀၂ ခုနှစ်၌ စတင်ခဲ့ပြီး ဒီဇိုင်း အားလုံးပြီးအောင် စောင့်ဆိုင်းခြင်း မပြုဘဲ ဒီဇိုင်း တစ်ခုရလျှင် တစ်ခု စတင် ဆောက်လုပ်သည့် စနစ်ဖြင့် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရဲရွာ တမံသည် ပထမဦးဆုံးသော RCC တမံ အမျိုးအစား ဖြစ်ပြီး ရေလွှဲ ဥမင် နှစ်ခု၊ အချင်း ၃၃ ပေ၊ အလျား၃၁၁၇ ပေ၊ တမံ အလျား ၂၂၆၄ ပေ၊တမံ အမြင့် ၄၃၃ ပေ၊ ကန်ရေပြည့် ရေလှောင် ပမာဏ ဧကပေ ၂ ဒသမ ၁၁၄ သန်း၊ ရေပိုလွှဲ အကျယ် ၄၄၈ ပေ၊ရေအား အမြင့် Head ၂၉၉ ပေ၊ လျှပ်စစ် တပ်ဆင်အား စက်တစ်လုံးလျှင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ဖြင့် စက်လေးလုံး မဂ္ဂါဝပ် ၇၉ဝ တပ်ဆင်လျက် တစ်နှစ်လျှင် လျှပ်စစ် ကီလိုဝပ် နာရီ သန်းပေါင်း ၃၅၅ဝ သန်း ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းကြီး ဖြစ်သည်။[]

စက်တပ်ဆင်အင်အားအနေဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည်။ တစ်လုံးလျှင် ၁၉၇.၅ မဂ္ဂါဝပ်ရှိသော စက် ၄ လုံးတပ်ဆင်ထားသည်။ တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်စွမ်း ကီလိုဝပ်နာရီသန်းပေါင်း ၃၀၅၅ ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်သည်။ စက်ရုံမှထွက်ရှိသောဓာတ်အားကို ဘဲလင်းဓာတ်အားခွဲရုံ၊ မိတ္ထီလာဓာတ်အားခွဲရုံများမှတစ်ဆင့် မြန်မာ့ဓာတ်အားစနစ်သို့ပို့လွှတ်ပေးသည်။ ရဲရွာရေအားလျှပ်စစ်စက်ရုံရှိ RCC တမံသည် မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး RCC တမံများတွင်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၀၃ တွင်စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၉ တွင်စက်များစတင်လည်ပတ်နိုင်ခဲ့ပြီး ဓာတ်အားပေးနိုင်ခဲ့သည်။ ရဲရွာဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ခဲ့သဖြင့် ဓာတ်အားချို့တဲ့နေသောမြန်မာနိုင်ငံအတွင် အတိုင်းအတာတစ်ခုအထိဖြည့်ဆည်းပေးနိုင်ခဲ့သည်။

Thumb
penstock​လေးခု (၂၀၁၆)
Remove ads

တည်နေရာ

ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တည်ရှိသည်။ စီမံကိန်း၏ဧရိယာအချို့သည် ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် ပါဝင်သော်လည်း စက်ရုံ၏အဓိကအဆောက်အဦးများမှာ ကျောက်ဆည်ဘက်ခြမ်းတွင် ပါဝင်သည်။ မန္တလေးမြို့မှ အရှေ့တောင်ဘက် (၃၁)မိုင်ခန့်အကွာတွင် တည်ရှိသည်။ စက်ရုံသို့ရောက်ရှိရန် လမ်းနှစ်သွယ်ရှိကာ ပထမလမ်းမှာ မန္တလေး-လားရှိုးလမ်း (၁၆)မိုင်အနီးမှ ရဲရွာစက်ရုံသို့ခွဲသောလမ်းနှင့် ကျောက်ဆည်မြို့အနီး ရန်ကုန်-မန္တလေးလမ်းမှ ဘယ်လင်း-ရဲရွာ လမ်းတို့ဖြစ်သည်။

Remove ads

မြေမျက်နှာသွင်ပြင်အချက်အလက်များ

မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းရိုးမတောင်တန်းများပေါ်မှ စီးဆင်းလာပြီး အင်းဝအနီးတွင် ဧရာဝတီမြစ်အတွင်းသို့စီးဝင်သည်။ မြစ်ငယ်မြစ်ဝှမ်းတလျှောက်တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တို့၌ နမ္မတူ(သီပေါ)၊ အထက်ရဲရွာ၊ အလယ်ရဲရွာ၊ ရဲရွာ၊ ဒီးဒုတ် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်ရှိပြီး ၎င်းတို့အနက် ရဲရွာစီမံကိန်းမှာ စတင်လည်ပတ်နေပြီဖြစ်သည်။

Thumb
မြစ်ငယ်မြစ်​ပေါ်ရှိ ​ရေအားလျှပ်စစ်စီမံကိန်းများ

စက်ရုံဆိုင်ရာ အချက်အလက်များ

[]

ရေလှောင်တမံဆိုင်ရာအချက်အလက်များ

အမျိုးအစား ကွန်ကရစ်တမံ (Roller Compacted Concrete Dam - RCC Dam)
အလျား ၂၂၆၄ပေ
အမြင့် ၄၃၃ပေ

ရေလှောင်ကန်ဆိုင်ရာအချက်အလက်များ

ရေဆင်းဧရိယာ ၁၀၈၉၀ စတုရန်းမိုင်
နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၁၂၁ သိန်းဧကပေ
ကန်ရေပြည့်ရေလှောင်ပမာဏ ၂၁ သိန်းဧကပေ
အမြင့်ဆုံးရေအမှတ် EL - ၆၀၇ပေ
အနိမ့်ဆုံးရေအမှတ် EL- ၄၉၂ပေ

ရေပိုလွှဲဆိုင်ရာအချက်အလက်များ

အမျိုးအစား ရေတံခါးမပါရေပိုလွှဲ (Ungated Ogee Type)
အကျယ် ၄၄၈ပေ (၅၆ပေ×၃၉ပေ - ၈ပေါက်)
ရေရှိန်သတ်စနစ် Plunge Pool Type

မြစ်ရေထုတ်ပေါက်ဆိုင်ရာအချက်အလက်များ

အမျိုးအစား မြစ်​အောက်​ခြေ​ရေထုတ်​ပေါက်
​ရေထုစီးနှုန်း ၃၅၃၂ ကုဗ​ပေ/စက္ကန့်
​​ရေတံခါး Service Gate (၇​ပေ×၉.၅​ပေ ၂​ပေါက်)
Maintenance Gate (၇​ပေ×၉.၅​ပေ ၂​ပေါက်)

ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ

စက်တပ်ဆင်အား ၇၉၀MW (၁၉၇.၅MW × ၄လုံး)
တာဘိုင်အမျိုးအစား ဖရန်စစ်တာဘိုင် (​ဒေါင်လိုက်)
ဖိအားမြင့်သံမဏိပိုက်လိုင်း အချင်း ၂၂​ပေ×အရှည် ၄၉၂​ပေ - ၄လိုင်း
တာဘိုင်​ရေထုစီးနှုန်း ၇၄၂၀×၄ =၂၉၆၈၀ ကုဗ​ပေ/စက္ကန့်
Generator အမျိုးအစား 3 phase / Semi Umbrella / Synchronous Generator of Vertical Shaft with Static Type Excitor
တစ်နှစ်ထုတ်လုပ်နိုင်မှု ၃၅၅၀ GWh
Thumb
ရဲရွာတမံနှင့် penstock ​လေးခု (၂၀၂၂ခုနှစ်)
Remove ads

စက်ရုံ၏ စွမ်းအင်စနစ်လုပ်ငန်းစဉ်များ

ဓာတ်အားထုတ်လုပ်ခြင်း

ရဲရွာစက်ရုံကို ဒီဇိုင်းပိုင်းအရ Medium Head ဖြင့် ဓာတ်အားထုတ်ယူရန် စီစဉ်ထားသဖြင့် တာဘိုင်အမျိုးအစားမှာ ဖရန်စစ်တာဘိုင် (ဒေါင်လိုက်)ကို အသုံးပြုထားသည်။ ရဲရွာတမံမှသိုလှောင်ထားသော ရေများကို intake လေးစုံဖြင့် ရယူကာ ဖိအားမြင့် သံမဏိပိုက်လိုင်း (penstock)များမှတဆင့် တာဘိုင်အသီးသီးထံသို့ရောက်စေသည်။ စက်ရုံတွင် Runner အသုံးပြုပုံ (၂)မျိုးရှိသည်။ Generationအခြေအနေတွင် Runnerကို ရေထဲတွင် လည်ပတ်စေပြီး No Load အခြေအနေတွင် Runnerကို လေထဲတွင် လည်ပတ်စေသည်။

စက်ရုံ၏ Generatorများသည် ၁၉၇.၅ မဂ္ဂါဝပ်ထုတ်​ပေးနိုင်​​သော AC Generator များဖြစ်ကြသည်။ Rotorတွင် တိုက်ရိုက်လျှပ်စစ်​ကြောင့် ဖြစ်​ပေါ်လာ​သော သံလိုက်ဝင်ရိုးစွန်းPoleများ ပါဝင်သည်။ Rotorတွင်တပ်ဆင်ထား​သော ပိုးထုပ်အ​ရေအတွက်များပြားသဖြင့် Rotorသည် အခုံးပုံစံရှိသည်။ Generatorတစ်လုံးစီရှိ Upper Guide Bearingတွင် အပိုင်း (၈)ခု၊ Lower Guide Bearing နှင့် Thrust Bearingတို့တွင် အပိုင်း (၁၂)ခုစီ ပါဝင်သည်။ Thrust Bearingနှင့် Lower Guide Bearingတို့ကို​ပေါင်းကာ Combine Guide Bearing ဟုသတ်မှတ်သည်။

​ရေအားလျှပ်စစ်စက်ရုံများ​တွင် Rated Output အားများ​စေ​သော အချက်(၃)ချက်မှာ တာဘိုင်လည်ပတ်မှုများခြင်း၊ ရိုတာကွိုင်များအား လျှပ်စစ်သံလိုက်ဓာတ်ပို​ပေးခြင်းနှင့် ရှည်လျား​သော Armature coilများကိုအသုံးပြုခြင်း တို့ဖြစ်ပါသည်။ ရဲရွာစက်ရုံတွင် Armature coilနှင့် တာဘိုင်လည်ပတ်မှုမှာ ပုံ​သေဖြစ်သဖြင့် လျှပ်စစ်သံလိုက်ဓာတ်နည်းလမ်းဖြင့်သာ ဗို့အားပိုမိုထွက်​စေသည်။ ထိုလျှပ်စစ်သံလိုက်ဓာတ်ကို exciter ဟု​ခေါ်​သော sourceမှ ထိန်းညှိ​ပေး​သော နည်းလမ်းဖြင့် ဗို့အားကို ချိန်ညှိသည်။

Generatorများမှထွက်ရှိလာ​သော ဗို့အားသည် ၁၆ ကီလိုဗို့ဖြစ်သည်။ ထို ၁၆ ကီလိုဗို့ကို ဗို့အားမြှင့်ထရန်စ​ဖော်မာ (Step Up Transformer) များဖြင့် ဗို့အားမြှင့်တင်ကာ ၂၃၀ ကီလိုဗို့ လိုင်းကြိုးများအ​ပေါ်သို့ တင်ပါသည်။ ထိုသို့ချိတ်ဆက်ရာတွင် စက်ရုံမှကြိမ်နှုန်းနှင့် လိုင်းကြိုး​​ပေါ်မှကြိမ်နှုန်းကို တူညီရန် ထိန်းညှိရသည်။

Thumb
Generator အမှတ် (၁)

ဓာတ်အားပို့ဆောင်ခြင်း (Transmission)

ရဲရွာစက်ရုံမှထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ကေဗွီဓာတ်အားပို့ဆောင်ရေးလိုင်း (230kV Transmission Lines) များဖြင့် ဘယ်လင်းပင်မဓာတ်အားပေးခွဲရုံသို့ (၂)လိုင်း၊ သပြေဝပင်မဓာတ်အားခွဲရုံသို့ (၂)လိုင်း စုစုပေါင်း (၄)လိုင်း ပေးပို့သည်။ ထိုသို့ပေးပို့ရာတွင် နှစ်ထပ်လိုင်းများ အသုံးပြုသည်။ ဘယ်လင်းခွဲရုံမှာ ကျောက်ဆည်-ပြင်ဦးလွင် ခရိုင်ချင်းဆက်လမ်းပေါ်တွင်တည်ရှိပြီး စက်ရုံမှ (၆၀)ကီလိုမီတာခန့် ကွာဝေးသည်။ သပြေဝခွဲရုံသည် ရန်ကုန် - မန္တလေး လမ်းနှင့် မိတ္ထီလာမြို့ရှောင်လမ်းဆုံအနီးတွင် တည်ရှိပြီး စက်ရုံမှ (၁၃၆) ကီလိုမီတာကွာဝေးသည်။

Thumb
တည်​​ဆောက်​နေဆဲ ၅၀၀​ကေဗွီဓာတ်အားပို့လွှတ်ရေးလိုင်းကို မိတ္ထီလာမြို့အနီး ရန်ကုန်-မန္တ​လေးအမြန်လမ်းမကြီး​ဘေး၌​တွေ့ရစဉ်

၂၀၂၂ခုနှစ်အထိ ရဲရွာစက်ရုံမှထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ကေဗွီလိုင်းကြိုးများဖြင့်သာ သွယ်တန်းနိုင်သေးသဖြင့် စက်ရုံမှဓာတ်အားများကို အပြည့်အဝ မသုံးစွဲနိုင်သေးပေ။ အထက်မြန်မာပြည်မှဓာတ်အားကို အောက်မြန်မာပြည်သို့ ဗို့အားပြည့်ဝစွာပို့ဆောင်နိုင်ရန်အတွက် ၅၀၀ကေဗွီဓာတ်အားပို့ဆောင်ရေးလိုင်းများနှင့် ၅၀၀ကေဗွီပင်မဓာတ်အားခွဲရုံများ လိုအပ်သည်။[] သို့သော် ထိုစီမံကိန်းများသည် ဆောင်ရွက်နေဆဲသာဖြစ်ပြီး ပင်မဓာတ်အားခွဲရုံများကို မိတ္ထီလာ၊ တောင်ငူ၊ ဘုရားကြီးတို့တွင် တည်ဆောက်ရန်လျာထားပြီး ထိုမှတဆင့် ရန်ကုန်တိုင်းသို့ သွယ်တန်းမည်ဖြစ်သည်။[]

Thumb
တည်​ဆောက်​နေဆဲ ကံ​ကောင်း ၅၀၀​ကေဗွီပင်မဓာတ်အားခွဲရုံကို ၂၀၂၂ခုနှစ်က​တွေ့ရစဉ်

နှစ်အလိုက် ဓာတ်အားထုတ်လုပ်ခဲ့မှု

ရဲရွာစက်ရုံသည် ဒီဇိုင်းပိုင်းအရ တစ်နှစ်လျှင် ၃၅၅၀ GWh ထုတ်လုပ်နိုင်မည်ဖြစ်သည်။ သို့သော် စက်ရုံစတင်လည်ပတ်သည့် ၂၀၁၀ပြည့်နှစ်မှ ၂၀၂၁ခုနှစ်အထိ ၃၅၅၀ ကီလိုဝပ်နာရီသန်းပေါင်း ပြည့်ဝအောင် မလည်ပတ်ခဲ့ပေ။ နှစ်အလိုက်လည်ပတ်ခဲ့မှုများမှာ ​အောက်ပါအတိုင်းဖြစ်သည်။

ခုနှစ် ကီလိုဝပ်နာရီသန်း (GWh)
၂၀၁၀ ၁၅၂၁
၂၀၁၁ ၂၈၃၄
၂၀၁၂ ၂၄၂၆
၂၀၁၃ ၂၅၈၀
၂၀၁၄ ၂၅၂၉
၂၀၁၅ ၂၄၀၇
၂၀၁၆ ၂၃၄၄
၂၀၁၇ ၂၅၈၁
၂၀၁၈ ၃၀၂၇
၂၀၁၉ ၁၉၃၅
၂၀၂၀ ၂၂၉၇
၂၀၂၁ ၂၃၁၁
Thumb
နှစ်အလိုက် ဓာတ်အားထုတ်လုပ်ခဲ့မှု (GWh)
Remove ads

ဆိုးကျိုးသက်ရောက်နိုင်မှုများ

ဆည်မတည်ဆောက်ခင် ရရှိသည့် အစီရင်ခံစာတခုအရ ရဲရွာဆည် တည်ဆောက်မှု ကြောင့် ရေလွှမ်းခံရမည့် နေရာရှိ ကျေးရွာများကို လျော်ကြေးမပေးဘဲ အဓမ္မရွှေ့ပြောင်းစေခဲ့သည်ဟု ဆိုသည်။ ၂၀ဝ၅ ခုနှစ်တွင် မြန်မာတိုင်းမ်စ် (Myanmar Times) သတင်းစာ၏ ဖော်ပြချက်အရ ဆည်အနီးရှိ ရွာ ၃ ရွာကို ရွှေ့ပြောင်းခဲ့သည် ဟု သိရသည်။ ဤကျေးရွာများသည် မြစ်ငယ်မြစ်အပေါ် ၎င်းတို့၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် မှီခိုနေကြ ရပြီး ၎င်းတို့ အခြေပြုနေရသည့် အရင်းအမြစ်များ ရေလွှမ်းခံကြရမည် ဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုနေရာတခု ဖြစ်သည့် သိပ္ပစက္ခု ဓာတ်တော်စေတီများ ရေလွှမ်းခံရမည်ဖြစ်ပြီး လုံးဝပျောက်ဆုံးသွားရလိမ့်မည် ဖြစ်သည်။[၁၀]

Remove ads

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads