ရှင်စောကြီး
From Wikipedia, the free encyclopedia
Remove ads
ရှင်စောကြီး သည် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ၏ မိဖုရားခေါင် တစ်ပါး ဖြစ်သည်။ သူမသည် ပင်းယဘုရင်များဖြစ်သော လေးစီးရှင် ကျော်စွာ[၁]နှင့် နရသူ (မောပါမင်း)တို့၏ မိဖုရားလည်း ဖြစ်သည်။[၂] သူမသည် စစ်ကိုင်းထီးနန်း တည်ထောင်သူ အသင်္ခယာ စောယွန်း၏ မြေးတော် ဖြစ်ပြီး၊ အင်းဝထီးနန်း တည်ထောင်သူ သတိုးမင်းဖျားနှင့် မောင်နှမ တော်စပ်သည်။ သူမသည် မင်းကြီးစွာစော်ကဲ၏ မြောက်နန်းမတော် မိဖုရားဖြစ်ပြီး ပင်းယကို စားရသည်။ မိဖုရားခေါင် ခမည်းမိလွန်သော် တောင်နန်းမတော် မိဖုရား ဖြစ်လာခဲ့သည်။[၃][note ၃]
စွာစော်ကဲလွန်ပြီးနောက် နန်းတက်သော ဆင်ဖြူရှင်တရဖျားသည် မိဖုရားရှင်စောကြီး၏ သားတော်ဖြစ်နိုင်သည်။ ရာဇဝင်သစ်ကျမ်းတွင် ခေတ်ပြိုင်ကျောက်စာတစ်ခုအား ကိုးကား၍ ဖော်ပြရာတွင် ဆင်ဖြူရှင်တရဖျားသည် ရှင်စောကြီး၏ သားတော်ဟု ဖော်ပြခဲ့သည်။ သို့သော် မှန်နန်းရာဇဝင် က အဆိုပါအချက်ကို ငြင်းပယ်ကာ ယခင်ရာဇဝင်ကျမ်းများနှင့် ဆန့်ကျင်ကြောင်း ဆိုခဲ့သည်။[၄] မှန်နန်းရာဇဝင် က ရှင်စောကြီး၏ သားသမီးနှစ်ဦးဖြစ်သော စောမြတ်ကဲ[note ၄] နှင့် စောဆွေနှစ်[၅]တို့ကိုသာ ဖော်ပြထားသည်။
Remove ads
ဘိုးဘွားစဉ်ဆက်များ
အောက်ပါတို့သည် မှန်နန်းရာဇဝင်လာ မိဖုရားရှင်စောကြီး၏ ဘိုးဘွားစဉ်ဆက်များ ဖြစ်သည်။ သူမသည် ပုဂံနှင့် ပင်းယမင်းမျိုးမင်းနွယ်တို့မှ ဆင်းသက်လာသည်။ သူမ၏ ဖခင်သည် တကောင်းမင်းမျိုးမင်းနွယ်ဖြစ်ကြောင်း ဖော်ပြထားသည်မှအပ သူမ၏ မိဘများအကြောင်းကို မသိရပေ။[၆]
Remove ads
မှတ်စု
- (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၄၃၅): ခေတ်ပြိုင်ကျောက်စာများအရ သူမသည် မြန်မာသက္ကရာဇ် ၇၆၃ (ခရစ် ၁၄၀၁/၀၂) အထိ သက်ရှိထင်ရှား ရှိနေသေးသည်။
- ရာဇဝင်ကျမ်းများ (မှန်နန်းအတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၂)အရ သူမ ဖခင်၏ ဘွဲ့မှာ သတိုးဆင်ထိန်း ဖြစ်သည်။ ၁၃၉၈ ဇွန် ၂၆ (မြန်မာသက္ကရာဇ် ၇၆၀ ဝါဆိုလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့) တွင် ရေးထိုးခဲ့သော ကျောက်စာတစ်ခုအရ (Taw, Frorchhammer 1899: 164) သူမ ဖခင်၏ အမည်မှာ စစ်ကိုင်းမြို့စား အသင်္ချာ ဖြစ်သည်။
- ကျောက်စာအထောက်အထားများအရ ခမည်းမိသည် ၁၃၈၇ ဒီဇင်ဘာ ၁၈ (မြန်မာသက္ကရာဇ် ၇၄၉ ပြာသိုလဆန်း ၁၀ ရက်နေ့ ဗုဒ္ဓဟူး) အထိ သက်ရှိထင်ရှားရှိခဲ့ပြီး (Taw, Forchhammer 1899: 152) ရှင်စောကြီးအား ၁၃၉၈ ဇွန်လ ၁၃ (မြန်မာသက္ကရာဇ် ၇၆၀ ဝါဆိုလဆန်း ၁၂၊ ဗုဒ္ဓဟူး)နေ့တွင် မိဖုရားခေါင်အဖြစ် ဖော်ပြထားသည်။(Taw, Forchhammer 1899: 164)
Remove ads
ကိုးကား
ကျမ်းပြုစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads